သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-13
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံလိုက်ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက “နိုင်ငံရေးအကျဉ်းသား” အဖြစ် သတ်မှတ်ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
2018-09-12
အရင်စစ်အစိုးရလက်ထက်က တည်ထောင်ခဲ့တဲ့ ပညာရေးကောလိပ်တွေမှာ ကျင့်သုံးနေတဲ့မူဝါဒကြောင့် ကျောင်းသား ၉ဝ ရာခိုင်နှုန်းလောက် နစ်နေရတဲ့အတွက် ဒီမူဝါဒ ပြင်ဆင်ပေးဖို့ ကျောင်းသားတွေတောင်းဆို နေကြပါတယ်။
2018-09-11
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့များရဲ့ လေးရက်ကြာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးဟာ မနေ့ပြီးဆုံးသွားပါပြီ၊ ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မှာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြား သဘောတူညီချက်ကို ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
2018-09-11
အမေရိကန်မြေပေါ်မှာ ပထမဆုံး အကြမ်းဖက်ခံရပြီး လူပေါင်းသုံးထောင်ကျော် သေဆုံးရတဲ့ “9/11” လို့ လူသိများတဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် ၁၇ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
2018-09-11
ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် အတွင်း ကျွန်းသစ်တန်ချိန် ၁၅ဝဝဝ နဲ့ သစ်မာတန်ချိန် ၃၃ဝဝဝဝ ထုတ်လုပ်ဖို့ လျာထားတယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ထားပါတယ်။
2018-09-11
မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ သတင်းမီဒီယာတွေကို ဥပဒေမျိုးစုံသုံးပြီး ဖိနှိပ်နေတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုအခက်အခဲ ဖြစ်စေတယ်ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် OHCHR က စက်တင်ဘာလ ၁၁ ရက်၊ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-11
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲလို အပြောင်းအလဲကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စိတ်ဝင်စားမှု မရှိသလောက် ဖြစ်နေတယ်ဆိုပြီး သုံးသပ်မှုတွေ ရှိနေပါတယ်။
2018-09-11
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ရာစီမံကိန်းက အဆောက်အအုံ ၇ လုံးမှာ နှစ်လုံးက အက်ကွဲကြောင်းတွေ၊ တံခါးတွေ ခိုင်ခံ့မှု မရှိတာတွေနဲ့ ဆေးတွေ ကွာကျနေပြီး အရည်အသွေးအသွေးမမီတာကြောင့် လူနေထိုင်ဖို့ မသင့်ဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။
2018-09-10
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
2018-09-10
လေထုညစ်ညမ်းမှုဟာ အရင်ကယူဆထားတဲ့အတိုင်း ကျန်းမာရေးထိခိုက်ရုံမက သင်္ချာတွက်နိုင်တဲ့ စွမ်းရည်ပါ ကျဆင်းစေတယ်လို့ လေ့လာချက်တရပ်မှာဖော်ပြပါတယ်။
2018-09-09
ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအနေနဲ့ မှတ်ပုံတင်ကတ် ၃ ထောင်နီးပါး ထုတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ဝေဖန်တာတွေ ရှိနေပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေး တရားစီရင်ပိုင်ခွင့် ရှိလာမယ်ဆိုရင် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လု့ိ တိုင်းရင်းသားတွေက ရှုမြင် သုံးသပ်ကြနေပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
2018-09-07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားတွေကြားမှာ လူမှုကွန်ရက်ကနေ လူမျိုးမုန်းတီးရေးစာတွေ ဖြန့်ဝေလာတာ တွေ့ရပါတယ်။
2018-09-07
လူကုန်ကူးခံရပြီးရင် သတင်းမရတော့တဲ့အတွက်ရော တိုင်ကြားဖို့ ရှက်ရွံ့တဲ့အတွက်ပါ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံမှာ သူတို့သမီးအဖြစ် ရောင်းစားခံရသူဦးရေကို အတိအကျသိရဖို့ ခက်ပါတယ်။ ကချင်ပြည်နယ်ကနေ