သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-24
တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ တွေ့ဆုံနေတာဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာလို့ တိုင်းရင်း သားပါတီတွေက ဝေဖန်လိုက်ပါတယ်။
2020-02-23
ရာသီဥတုအေးရင် ကိုရိုနာဗိုင်းရပ်စ်သေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
2020-02-20
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ အခုလို ချင်းပြည်နယ်ကို နှစ်ရက်တာလာရောက်ပြီး လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက် တွေရှိပါသလဲ။
2020-02-20
ရခိုင့်တပ်တော် AA က စားနပ်ရိက္ခာသယ်ယူမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ထောက်ခံချက်ရယူကြဖို့ ထုတ်ပြန် ထားပါတယ်။ တနည်းအားဖြင့် ဒီကြိုးပမ်းမှုဟာ လူထုအခြေပြု အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် နေတာလို့ သုံးသပ်နေကြပါတယ်။
2020-02-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါး အမည်စာရင်းပေးသွင်း ထားတဲ့အပေါ် နိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်း တင်ပြထားပါတယ်။
2020-02-18
ကုလသမဂ္ဂ လူ့အခွင့်အရးကောင်စီက လူ့အခွင့်အရေးကျွမ်းကျင်သူ အလုပ်အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အင်တာနက်တွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တောင်းဆိုလိုက်ပါတယ်။
2020-02-18
"နိုင်လွတ်လုံ"လို့ အများသိကြတဲ့ "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ" မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။
2020-02-17
တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အခုထိ ခုနှစ်သောင်းနီးပါး ရှိနေပါပြီ။ လူစုလူဝေးတွေကို ရှောင်ရှားကြဖို့လည်း နိုင်ငံအလိုက် အာဏာပိုင်တွေက တိုက်တွန်းထား ပါတယ်။
2020-02-17
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေနားမယောင်ဖို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးပါတယ်။ ခရီးသွားဖို့ စီစဉ်ထားရင်လည်း သွားနိုင်ပေ မယ့် ဗိုင်းရပ်စ်မကူးနိုင်အောင် လက်ကိုသန့်သန့်ရှင်းထားဖို့လည်း မှာကြားတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-02-12
မြန်မာနိုင်ငံမှာ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ တိုင်းရင်းသားတွေစုပေါင်းပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော် လာခဲ့ပါပြီ။ ဒါပေမယ့် မူလမျှော်မှန်းခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင် စုကြီးက လက်ရှိမှာဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားတွေက ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။
2020-02-12
အစိုးရအဆက်ဆက် တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ထက်၊ အပစ်အခတ်ရပ်စဲရေးအဆင့် အထိသာ အမြင့်ဆုံးလုပ်နိုင်ခဲ့တာဟာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့တာကြောင့် လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ NLD ပါတီ အာဏာရလာတာ လေးနှစ်ရှိခဲ့ပါပြီ။ NLD အစိုးရလက်ထက်မှာရော နိုင်ငံရေးအရ တိုင်းရင်းသားတွေအတွက် ဘယ် လောက်အထိ လုပ်ပေးခဲ့ပြီလဲဆိုပြီး တိုင်းရင်းသားပါတီတွေက မေးခွန်းထုတ်နေကြပါတယ်။
2020-02-12
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အချိန် ၁၁ ရက်တာကာလအတွင်းမှာ အရပ်သား သေဆုံးသူ ခုနှစ်ဦး၊ ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိပါတယ်။
2020-02-09
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိ တာကြောင့် မနေ့က ဆေးရုံတက်နေရပါတယ်။ တပတ်မှာ တစ်ရက် အပြင်ထွက်လည်ခွင့် အရင်ကပေးပေမယ့် အခုချိန်မှာတော့ အိမ်အကူအများစုကိုလည်း အိမ်ရှင်တွေက အပြင်ပေးမထွက်တာတွေ ရှိတယ်လို့လည်း မြန်မာ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေကပြောပါတယ်။
2020-02-08
ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး ပြန်လည်နေရာ ချထားရေးတွေ လုပ်ဆောင်နေရာမှာ ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းကို ကျောက်ဖြူမြို့ထဲ ပြန်လည်ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
2020-02-07
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အုတ်အော်သောင်းနင်းဖြစ်နေတဲ့ကာလမှာ နယ်စပ်ဖြတ် တင်ပို့ရောင်းချနေတဲ့ သစ်သီးဝလံဈေးကွက်တွေ ထိခိုက်ပြီး တောင်သူတွေရော ကုန်သည်တွေပါ နစ်နာနေရပါတယ်။