သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-06
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်ဝတ္တရားတွေ ပြန်လည်ထမ်းဆောင်စေဖို့ နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။
2020-02-05
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ဒီရက်ပိုင်းတွေအတွင်း သိသိသာသာကို ထိခိုက်နေပါတယ်။
2020-02-05
ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်ကို ဆောင်ရွက်အောင် တိုက်တွန်းဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့ကဆွေးနွေးကြပေမယ့် တရုတ်နဲ့ဗီယက်နမ် ကန့်ကွက်တာကြောင့် သဘောတူညီချက် မရခဲ့ပါဘူး။
2020-02-05
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံး က ချမှတ်ခဲ့တဲ့ ကြားဖြတ်အမိန့်အပေါ် ဘူးသီးတောင်၊ မောင်တောဒေသမှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ဘယ်လိုမြင်ကြသလဲ။
2020-02-04
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်ပြည်ဝူဟန်မြို့ကနေ မန္တလေးမြို့ကို ပြန်ခေါ်ထားပြီးစောင့်ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကောင်းမွန်တယ် လို့ ရောဂါစောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင် က RFA ကိုပြောပါတယ်။
2020-02-04
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ကမ္ဘာမှာ ဒုတိယအဆင့်ကနေ တတိယအဆင့်ကို လျော့ကျလာပေမယ့် ဓာတုပစ္စည်းသုံး မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကြီးမားလာနေသလို၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း တိုးလာနေပါတယ်။
2020-02-04
အင်တာနက်ပြန်ဖွင့်ပေးတာ ငါးလခန့် ကြာမြင့်ပြီးတဲ့နောက် ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ငါးခုမှာ မနေ့ည ၁၀ နာရီ ဝန်းကျင်က အင်တာနက်ပြန်လည်ပိတ်လိုက်တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေထံ အကြောင်းကြား လာပါတယ်။
2020-02-03
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်လကျော်အတွင်း သေဆုံးသူ ၃၆၁ ဦးရှိလာပါပြီ၊ မြန်မာနိုင်ငံမှာလည်း သံသယရှိသူ ငါးဦးလောက်ကို စစ်ဆေးခဲ့ပါတယ်။ ဒီကူးစက်မြန်ရောဂါကို စစ်ဆေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အသိအမှတ်ပြု ဇီဝလုံခြုံမှု Biosafety Level-3 ဓာတ်ခွဲခန်းက မြန်မာနိုင်ငံမှာ မရှိပါဘူး။
2020-02-02
ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုစတင်ခဲ့ရာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ အခုထိ သေဆုံးသူ အရေအတွက် ၃၀၅ ဦး ရှိလာခဲ့ပြီဖြစ်ပြီး၊ ကူးစက်ခံရသူ အရေအတွက် အခုထိ တစ်သောင်း ငါးထောင်နီးပါး ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အပါအဝင် စုစုပေါင်း ၂၅ နိုင်ငံလောက်မှာလည်း ကူးစက်နေပါတယ်။
2020-02-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ စီနိုဝမ်းကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာ တရုတ်လူမျိုးဟာ တရုတ်နိုင်ငံကနေ ပြန်လာပြီးတဲ့နောက် မနေ့ညက ကုမ္ပဏီအတွင်း နေထိုင်ခဲ့တာကြောင့် ဝန်ထမ်းတွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။
2020-02-01
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉ ဦးနဲ့ ကူးစက်ဖြစ်ပွားသူက ကမ္ဘာတဝန်း ၁၂ဝဝဝ နီးပါး ရောက်ရှိလာပါပြီ။
2020-01-31
ကိုရိုနာဗိုင်းရပ်စ်ရောဂါအများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တရားမဝင်နေထိုင်အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားရာပေါင်းများစွာရှိနေပြီး၊ တချို့က မြန်မာပြည်ပြန်ချင်ပေမယ့် ပြန်နိုင်အောင် ကူညီမယ့်သူမရှိလို့ အခက်အခဲဖြစ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2020-01-30
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် ကြာသပတေးနေ့ ညနေမှာ သတ်မှတ်ကြေညာလိုက်ပါပြီ။
2020-01-30
အာရှတိုက်က အစိုးရအများစုဟာ လူ့အခွင့်အရေးအပေါ် အလေးအနက်ထားတာ နည်းပါးနေဆဲဖြစ်သလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း အပြစ်လွတ်နေဆဲဖြစ်တယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
2020-01-29
ဇန်နဝါရီလ ၂၉ ရက်နေ့ ဂျပန်အခြေစိုက် The Diplomat စာစောင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။