သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-19
အင်အားကြီးနိုင်ငံတွေကြားက အင်အားချိန်ခွင်လျှာအပြောင်းအလဲနဲ့ အကွဲအပြဲတွေကိုလည်း၊ မြန်မာ့အနောက်ဘက် အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ အမြဲမပြတ် စောင့်ကြည့်နေရတာပါ။
2022-04-19
NUG ကို အစိုးရတစ်ရပ်အနေနဲ့ လူသိရှင်ကြား အသိမှတ်ပြုဖို့ ခက်ပေမယ့် ထိတွေ့ဆက်ဆံမှုနဲ့ ထောက်ခံကူညီမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုကို ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။
2022-04-19
မကွေးတိုင်း ပေါက်မြို့နယ်က အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ချောင်းဆုံရွာမှာ အိမ်လုံးကျွတ် မီးလောင်ကျွမ်းတဲ့အိမ် ၇၆ လုံးနဲ့ တစ်ဝက်တစ်ပျက် မီးလောင်ပျက်စီးတဲ့အိမ် ၇၀ ကျော်၊ စုစုပေါင်း အိမ် ၁၅၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-19
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်ပယ်အသီးသီးက လူပေါင်း ၁၄၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်တွေ ပေးအပ်လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီလ ၁၈ ရက် မနေ့က ကြေညာခဲ့ပါတယ်။
2022-04-18
ယူကရိန်းစစ်ပွဲမတိုင်ခင်ကလည်း ဒီမိုကရေစီနိုင်ငံကြီးတွေဟာ မြန်မာနိုင်ငံအရေးကို အာဆီယံဦးဆောင်မှုနဲ့ ဖြေရှင်းကြဖို့ ပြောဆိုပြီး မျက်နှာလွှဲထားတာကြောင့် အနာဂတ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ အတိုက်အခံတွေကို ဖိနှိပ်သတ်ဖြတ်တာတွေ၊ စစ်ပြေးဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်မှုတွေ ဆက်ဖြစ်နေလိမ့်မယ်လို့ Council on Foreign Relations – CFR အဖွဲ့က သုံးသပ်ထားပါတယ်။
2022-04-18
ဒီနှစ် မြန်မာ့နှစ်ကူးကာလဟာ အရင်နှစ်တွေကနဲ့မတူဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ စတင် ဖြတ်သန်းခဲ့တာပါ။
2022-04-18
စစ်ကောင်စီတပ်ထဲမှာ ရှိနေတဲ့ ဂျက်တိုက်လေယာဉ် တွေ အပါအဝင် လေကြောင်း၊ ကြည်းကြောင်း၊ ရေကြောင်း သုံးခုစလုံးက တိုက်ခိုက်ရေးယာဉ်တွေနဲ့ စက်ယန္တရားတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် အဲဒီယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် အမေရိကန်ဒေါ်လာ အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းအထိ ဆုချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြီး ကမ်းလှမ်းထားပါတယ်။
2022-04-18
ဧပြီလ ၁၇ ရက် မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသား ၁၆ဝဝ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပေမယ့် နိုင်ငံရေးအကျဉ်း သားတွေနဲ့ သတင်းသမားတွေ တစ်ဦးမှ မပါဝင်ခဲ့ဘူးလို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2022-04-17
သမိုင်းတစ်လျှောက် စစ်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရပါတယ်။ ကျူးလွန်သူတွေက စစ်သားတွေဖြစ်နေပြီး ... မြန်မာနိုင်ငံမှာတော့ မကြာသေးခင်က မကွေးတိုင်းမှာ ၁၄ နှစ်သမီးလေး မတရားပြုကျင့်ခံခဲ့ရတဲ့အပြင် မီးရှို့အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲအတွင်းက ရုရှားစစ်သားကလည်း အသက် ၈၃ နှစ်အရွယ် ယူကရိန်းအမျိုးသမီးကြီးကို မတရားပြုကျင့်ခဲ့ပါတယ်။
2022-04-16
မကွေးတိုင်းအတွင်းက ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ဂန့်ဂေါ၊ ငဖဲ၊ စေတုတ္တရာ စတဲ့မြို့နယ်တွေက လူ သောင်းနဲ့ချီ ထွက်ပြေးနေရလို့ သင်္ကြန်ကာလကို အခက်အခဲတွေကြားက ဖြတ်သန်းနေရပါတယ်။
2022-04-15
မြန်မာဟာ သွားရောက်လည်ပတ်ထိုက်တဲ့ နိုင်ငံဖြစ်ပေမယ့် တစ်ဘက်မှာလည်း ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စဉ်းစားစရာတွေရှိနေကြောင်း The Interpreter သတင်း က ဖေါ်ပြပါတယ်။
2022-04-15
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ပုံနှိပ်တိုက်တစ်ခု၊ သတင်းမီဒီယာ ၁၁ ခုနဲ့ မဂ္ဂဇင်းတစ်စောင် အပိတ်ခံခဲ့ရတဲ့အပြင် အခုနှစ် ဧပြီလဆန်းမှာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းနှစ်ခုနဲ့ ပုံနှိပ်တိုက်တစ်ခု ထပ်မံအပိတ်ခံရပါတယ်။
2022-04-15
ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံက CDM ဝန်ထမ်း ၂၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာတွေကနေ ဧပြီ ၈ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် အပြီးထွက်ပေးလိုက်ရတယ်လို့ နေရာပြောင်းရွှေ့လိုက်ရတဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
2022-04-14
အခု ဧပြီလ ၂ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ PDF အဖွဲ့ငယ်တစ်ခုရဲ့ ခေါင်းဆောင် ကိုချမ်းမင်းနောင် ဆိုသူကို စစ်တပ်ထောက်လှမ်းရေးအဖွဲ့က လူမဆန် ရက်စက်စွာ စစ်ဆေးပြီး သတ်ဖြတ်ခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2022-04-14
အွန်လိုင်း ကုန်သွယ်ရေးဟာ မြန်မာမှာ အစဦးအဆင့်မှာ ရှိနေသေးပေမယ့် တရုတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ဖလှယ်မှု ထူထောင်နိုင်ခဲ့ပြီး စီးပွားရေး ကွန်ရက်ကိုလည်း ချဲ့ထွင်နိုင်ခဲ့ပါတယ်။