သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-14
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ဧပြီ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ သင်္ကြန်မတိုင်ခင် ၁၀ ရက် အတွင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ ကရင်ပြည်နယ် မြဝတီမြို့က စုစုပေါင်း လူ ၉၉ ယောက် အဖမ်းခံရပါတယ်။
2022-04-14
စစ်ကောင်စီက သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်ကနေ အခု သင်္ကြန်ကာလအထိ နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ခရီးရှည်သွားသူတွေကို နိုင်ငံသားကတ် မှတ်ပုံတင်တွေ စစ်ဆေးနေပြီး မှတ်ပုံတင်မပြနိုင်သူတွေကို ခရီးသွားလာခွင့်နဲ့ တည်းခိုခွင့် ပိတ်ပင်လိုက်တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။
2022-04-13
တော်လှန်ရေးအတွင်းမှာ ပျော်ပွဲရွှင်ပွဲမရှိဘူး။တော်လှန်ရေးအတွင်းမှာ တိုက်ပွဲပဲရှိတာပေါ့။ ကျွန်တော်တို့ နေ့ရက်တိုင်းက တိုက်ပွဲဖြစ်နေဖို့ပဲလိုတယ်။
2022-04-13
၂၀၀၁ ခုကစပြီး လေတပ်စွမ်းရည် မြှင့်တင်တဲ့ မြန်မာစစ်တပ်ဟာ ပါကစ္စတန်နဲ့တရုတ် ပူးတွဲထုတ်လုပ်တဲ့ ဂျက်တိုက်လေယာဉ်ကို ၂၀၁၅ မှာ ဝယ်ယူခဲ့ပါတယ်။ ပါကစ္စတန်နဲ့ မြန်မာစစ်တပ် စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ အဓိကဆွေးနွေးသူတွေထဲ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့မြေး ဦးအေးနေဝင်းလည်း ပါဝင်တယ်လို့ အိန္ဒိယနိုင်ငံထုတ် စာစောင်တစ်စောင်က ဖွင့်ချပါတယ်။
2022-04-13
ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး အန်ဒရေရာ ဖော်ကနာ ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောမဟုတ်ဘဲ မစ္စတာ ရှောင်တာနဲလ် လွတ်မြောက်ဖို့အပါအဝင် သြစတြေးလျနိုင်ငံက လိုလားချက်တွေအတွက် လက်တွေ့ကျတဲ့ နည်းလမ်းကို ရွေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သြစတြေးလျအမျိုးသားတက္ကသိုလ်ပါမောက္ခ John Blaxland က သုံးသပ်ပါတယ်။
2022-04-13
စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ နိုင်ငံတစ်ဝန်းမှာ ဝင်ရောက်စီးနင်းတာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေသလို သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲတွေကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ NUCC ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-04-13
ကိုဗစ် ၁၉ မကူးစက်အောင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ မလိုက်နာလို့ဆိုပြီး လူငယ်နှစ်ဦးကို ‘ဝ’ ပြည် သွေးစည်းညွတ်ရေးတပ်မတော် (UWSA) ယူနီဖောင်း ဝတ်ဆင်ထားသူအချို့က ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဧပြီလ ပထမအပတ်လောက်မှာပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့လာပါတယ်။
2022-04-11
NUG အစိုးရရဲ့ စစ်လေယာဉ်တွေ၊ အခြားယာဉ်တွေနဲ့ စပ်လျဉ်းတဲ့ ဆုငွေချီးမြှင့်မယ့် အစီအစဉ်အပေါ် ကောင်းကျိုး၊ ဆိုးကျိုးတွေကိုဆွေးနွေးတင်ပြထားပါတယ်။
2022-04-11
အမေရိကန်အောက်လွှတ်တော်မှာ ဒီ Burma Act ဥပဒေကို co-sponsor အဖြစ် ထောက်ခံတဲ့ အမတ် ၈၄ ဦး အထိ ရှိခဲ့တာဟာ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေက သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အမတ်တွေကို ဆက်သွယ်ပြီး၊ ဒီဥပဒေကြမ်းကို ထောက်ခံပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်း အတည်ပြုနိုင်တာဟာ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှု ဖြစ်တယ်လို့ သူက ပြောပါတယ်။
2022-04-10
မကွေးတိုင်း ပေါက်မြို့နယ်က အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရေကျော်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ရော မြေပြင်ကပါ စီးနင်းတိုက်ခိုက်ခဲ့သလို နေအိမ်တွေလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2022-04-08
မြန်မာပြည်ဖွား လူနည်းစု မွတ်စလင်တွေဟာ သမိုင်းတစ်လျှောက် လွတ်လပ်ရေးတိုက်ပွဲကနေ အခု စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအထိ ကျရာအခန်းကဏ္ဍကနေ အသက်စွန့်၊ ဘဝစွန့် ပါဝင်နေကြပါတယ်။
2022-04-08
စစ်ကောင်စီက သင်္ကြန်ပွဲကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပေမယ့် မပါဝင်ဘဲ ဆန့်ကျင်သပိတ်မှောက် ကြမယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံ လူငယ်တွေက ပြောပါတယ်။
2022-04-07
၂ဝ၂၂ မြန်မာ အက်ဥပဒေ ‘‘Burma Unified through Rigorous Military Accountability Act of 2022’’ or the ‘‘BURMA Act of 2022’’ ကို ဧပြီလ ၆ ရက်နေ့မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် အထက်လွှတ်တော်ကလည်း ထပ်မံအတည်ပြုမယ်ဆိုရင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးတာနဲ့ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
2022-04-07
မြန်မာနိုင်ငံ အမေရိကန်သံရုံးရဲ့ အကြီးတန်းသံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး လက်ရှိအချိန်မှာလည်း အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာသုတေသနတွေ ပြုလုပ်နေတဲ့ မစ္စ Priscilla Clapp ကတော့ အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့သဘော မသေချာဘူးလို့ သုံးသပ်ပါတယ်။
2022-04-07
မိဘတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို ဧပြီ ၅ ရက်နေ့က အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက BC မူကြိုကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်က ဓားစာခံအဖြစ် ဝင်ရောက်ဖမ်းဆီးသွားပါတယ်။