သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-07
စစ်ကောင်စီမှာ ဒေါ်လာပြတ်နေတာကြောင့် ဗဟိုဘဏ်က ဒီလိုအမိန့်ထုတ်တာလို့ ပြည်တွင်း စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။
2022-04-07
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ် ဝန်းကျင်အတွင်း တိတ်ဆိတ် ခြောက်ကပ်သွားတဲ့ ရန်ကုန်မြို့ကြီးဟာ အခုချိန်မှာ အနည်းငယ် ပြန်စည်ကားလာပါတယ်။
2022-04-06
ကမ္ဘာ့ရာသီဥတုပြောင်းလဲနေတာရပ်ဆိုင်းသွားအောင် အခုမလုပ်နိုင်ရင် နောင်ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေးပါတယ်။ ကချင်ပြည်နယ်မှာ ရာသီဥတု ပြောင်းလဲလို့ စပါးအထွက်ညံ့ပြီး ဒီဖြစ်ရပ်တွေ ရှေ့ဆက်မဖြစ်ရအောင် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အားကိုးရပါမယ်။
2022-04-06
ရုရှားဟာ အရှေ့တောင်အာရှရဲ့ လက်နက်ဖြည့်ဆည်းရေးမှာ အဓိကဦးဆောင်တဲ့နေရာမှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်ကြား ဒေသတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံ ဝန်းကျင်တန်ဖိုး ရှိတဲ့ စစ်ရေးလက်နက်ပစ္စည်းတွေ ရောင်းချခဲ့ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI ) က ဖော်ပြပါတယ်။
2022-04-06
ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ အဓိက တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဒီလုပ်ငန်းမှာ ရုရှားကုမ္ပဏီ ၁၉ ခု ပါဝင်ပတ်သက်နေပါတယ်။
2022-04-06
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်းရွာ၊ ပင်လုံမြို့နယ် ဆနင်းတောင်ကြောနဲ့ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာတစ်ဝိုက်မှာ ရှိတဲ့ SSPP တပ်ဖွဲ့စခန်းတချို့ကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက မတ်လ ၃၁ ရက် နေ့မှာ တောင်းဆိုခဲ့ပါတယ်။
2022-04-05
မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ဘဏ္ဍာရေးစီးဆင်းမှုလမ်းကြောင်းတွေကို နိုင်ငံတကာက ပိတ်ဆို့ထိန်းချုပ် ဖို့ဆိုရင် စင်္ကာပူရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါလိမ့်မယ်လို့ ဒစ်ပလိုမက်သတင်းက ဖော်ပြပါတယ်။
2022-04-05
တကသ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကတော့ စစ်ကောင်စီဟာ မြန်မာပြည်ရဲ့အခြေအနေ တည်ငြိမ်နေပြီဆိုပြီး နိုင်ငံတကာကို လှည့်စားဖို့အတွက် သင်္ကြန်ကို အသုံးချဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
2022-04-05
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ စားပွဲဝိုင်းမှာ အတူထိုင်ပြီး ဖြေရှင်းနိုင်ရေး အချက်ရှစ်ချက်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် ရေးဆွဲထားတယ်လို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ပြောပါတယ်။
2022-04-05
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငါးတင်းကြီးရွာရဲ့ တစ်ဝက်လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံတွေလည်း ဘေးလွတ်ရာ တောထဲ တောင်ထဲတွေကို ထွက်ပြေးနေရပါတယ်။
2022-04-05
တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ဖိတ်ကြားချက်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့ကို မတ်လ ၃၁ ရက်နေ့ ကနေ ဧပြီလ ၂ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။
2022-04-04
ဝမ်ယိရဲ့ ထောက်ခံစကားဟာလည်း မြန်မာကိစ္စမှာ နောက်ဆုံးတော့ အာဏာသိမ်းစစ်တပ်ကပဲ အနိုင်ရမှာဖြစ်ပြီး ပြင်ပအကူအညီဆိုတာကလည်း ရေရှည်ရရှိနိုင်တာ မဟုတ်ကြောင်း၊ နိုင်ငံတည်ငြိမ်ပြီး အဓိကစီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေ ဖွံ့ဖြိုးဖို့ လိုကြောင်း အရိပ်အမြွက်သတိပေးလိုက်တဲ့ လက္ခဏာလည်းဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။
2022-04-04
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် က လက်ရှိ စစ်ရေးအခြေအနေနဲ့ ဒေသခံလူထုရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီးနဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ နိုင်ငံတကာနဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီဝင် နဲနယ်ပလိုးတို့ နှစ်ဦးရဲ့ ပြောကြားချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2022-04-04
စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာတင် သတင်းသမား ခြောက်ဦး ထောင်ချခံလိုက်ရပါတယ်။
2022-04-04
လူဦးရေ ငါးထောင်ကျော်ရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီးက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ လေးမှာ ပြီးခဲ့တဲ့မတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လူဦးရေ လေးထောင်ခန့် ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။