ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်း

ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

အဲဒီမှာ လုံခြုံရေးကောင်စီဥက္ကဌဟောင်း ပီရူးနိုင်ငံသံအမတ်ကြီးက -“ ဒုက္ခသည်တွေပြန်တဲ့အခါ သူတို့လုံခြုံရေးအာမခံရှိဖို့၊ ပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖေါ်ထုတ်ဖို့ကိစ္စတွေဟာ အရေးကြီးတဲ့အတွက်ဒီကိစတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါတယ်” လို့ပြောပါတယ်။

ကူဝိတ်ကိုယ်စားလှယ်ကလဲ - “ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ပဋိဉာဉ် စာတမ်းကိုလိုက်နာရမှာဖြစ်သလို၊ ဒုက္ခသည်ပြန်ပို့ရေးဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီ ရပါ့မယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီလိုပြန်ပို့တဲ့အလုပ်တွေမှာလဲ ကုလသမဂ္ဂအဖွဲ့တွေ ပါဝင်ရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ ကိုယ်စားလှယ်က - လုံခြုံရေးကောင်စီအနေနဲ့ ဒီပြဿနာနဲ့ပတ်သက်လို့ ရှောင်ထွက်သွားမှာမဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ် တွေကိုတော့ သူတို့အနေနဲ့ မစီစဉ်ရသေးပါဘူးလို့လည်းပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org