ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဦးဝီရသူတရားပွဲ ဘာကြောင့်ပျက်ရတာလဲ
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကပ်မြို့မှာ မေလ ၃ ရက် ဒီကနေ့ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့တရားပွဲကို ဖျက်လိုက်ပါတယ်။
-
2019-05-02 -
-
-
ဆရာတော် ဦးဝီရသူကို စက်တင်ဘာလ ၁၀ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တွေ့ရစဉ်
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကပ်မြို့မှာ မေလ ၃ ရက် ဒီကနေ့ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့တရားပွဲကို ဖျက်လိုက်ပါတယ်။
ဒီတရားပွဲကြောင့် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဖူးကပ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းအာဏာပိုင်တွေဘက်က ယူဆပြီး တရားပွဲကို ဖျက်သိမ်းတာလို့ ပြောပါတယ်။
ဒါပေမဲ့ တရားပွဲစီစဉ်သူတွေကတော့ ထိုင်းအာဏာပိုင်တွေဘက်က တရားပွဲကို တားတာမျိုးမရှိပါ၊ တရားပွဲစီစဉ်သူတွေ ကိုယ်တိုင်ဖျက်တာဖြစ်တယ်လို့ ပြောပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။