ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့
မြန်မာနိုင်ငံမှာတော့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်အယောက် ၁၅ဝ ကျော် ဖမ်းဆီးထောင်ချခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023-05-02 -
-
-
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို သတင်းယူနေသည့် သတင်းထောက်တစ်ဦး။
မေလ ၃ ရက် ဒီကနေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်အယောက် ၁၅ဝ ကျော် ဖမ်းဆီးထောင်ချခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခုရှိပါတယ်။
လွတ်လွတ်လပ်လပ် သတင်းလုပ်ငန်းတွေ လုပ်ခွင့်မရဘဲ ပုန်းလျှိုးကွယ်လျှိုးလုပ်နေရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံး တတိယမြောက် နိုင်ငံဖြစ်တယ်လို့ သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ပါတယ်။