လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်

အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအယောက် ၂ဝဝ ကျော်ပဲ ပါတယ်လို့ သိရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နှင့် လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများ။ RFA

၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား ၇ဝဝဝ ကျော်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအယောက် ၂ဝဝ ကျော်ပဲ ပါတယ်လို့ သိရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

မကြာသေးခင်ကမှ အမှုတွေ အပြီးသတ်စစ်ဆေးပြီး ထောင် ၃၃ နှစ်ထိ ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကနေ့ လွတ်မြောက်လာသူတွေထဲ မပါပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို အာဏာသိမ်း စစ်ကောင်စီက လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်ထဲမှာ NLD အစိုးရလက်ထက် သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဆရာ ထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအာကာမိုးသူ၊ နိုင်ငံရေးလှုပ်ရှားသူတချို့နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ငါးဦးပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org