အင်အားသုံး ဖယ်ရှားခံရတဲ့ စစ်တွေ ကျူးကျော်နေအိမ်များ

စစ်တွေမြို့ အာဂျိတ်တော်ကုန်းက ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ အင်အားသုံးပြီး ဖယ်ရှားလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အာဂျိတ်တော်ကုန်းက ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ အင်အားသုံးပြီး ဖယ်ရှားလိုက်ပါတယ်။

ရဲ၊ စစ်တပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလုပ်သမား ၁၀၀ ကျော်က လာရောက်ဖယ်ရှားခဲ့တာပါ။

အခုလို ဖယ်ရှားခံလိုက်ရတာကြောင့် သွားစရာနေရာမရှိ ဖြစ်နေတယ်လို့ မြို့နယ်အသီးသီးကနေ ပြောင်းရွှေ့လာပြီး အဲဒီနေရာမှာ အခြေချနေထိုင်နေတွေက RFA ကို ပြောပါတယ်။

အာဂျိတ်တော်ကုန်းမှာ လူနေအိမ် ၇၅ လုံးနဲ့ လူမနေတဲ့အိမ် ၃၀ လုံးရှိပြီး လူဦးရေ ၂၈၅ ဦး နေထိုင်ကြတာပါ။

ပြောင်းရွှေ့နေထိုင်သူ အများစုဟာ ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့ကဖြစ်ပြီး ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်ကသူတွေလည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org