ဆန်တစ်ပြည် တစ်ရာကျပ်နဲ့ ရောင်းချ

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ဆန်တစ်ပြည်အတွက် ငွေ တစ်ရာကျပ်၊ ကြက်ဥ ဆယ်လုံးပါ တစ်ကတ် ငွေ တစ်ရာကျပ်နဲ့ ရောင်းချခဲ့ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ဆန်တစ်ပြည်အတွက် ငွေ တစ်ရာကျပ်၊ ကြက်ဥ ဆယ်လုံးပါ တစ်ကတ် ငွေ တစ်ရာကျပ်နဲ့ ရောင်းချတာကို လူ တစ်ထောင်ကျော် လာရောက်ဝယ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ် ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်။

Aladdin Fashion shop ဆိုင်က ဦးဆောင်ပြီး ဒီလိုရောင်းခဲ့တာပါ။ ဆန် ၃၅၀ ပြည်နဲ့ ကြက်ဥ အလုံး နှစ်ထောင်ရောင်းချပေးတဲ့ ဒီအစီအစဉ်ကို သြဂုတ်လ ၂၅ ရက်ကတည်းက ကြိုတင်ကြေညာခဲ့တာပါ။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူတစ်ဦးကို တွေ့ရစဉ်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူတစ်ဦးကို တွေ့ရစဉ်။

လူတစ်ဦးကို ဆန်တစ်ပြည်၊ ဒါမှမဟုတ် ကြက်ဥ ဆယ်လုံးကိုပဲ ဝယ်ယူခွင့်ရတာဖြစ်ပါတယ်။ မနက် ၁၁ နာရီမှာ စတင်ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ဝယ်ယူဖို့ လာရောက်စောင့်ဆိုင်းသူ များပြားလွန်းတဲ့အတွက် နေ့လည် ၁ နာရီဝန်းကျင်မှ ရောင်းချမှုကို စတင်နိုင်ခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်။

မဝယ်လိုက်ရဘဲ လက်ဗလာနဲ့ ပြန်သွားသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒီရောင်းချမှုကို ဦးဆောင်ခဲ့တဲ့ Aladdin Fashion shop တာဝန်ရှိသူကတော့ အခုလို အစစအရာရာ ခက်ခဲကျပ်တည်းနေတဲ့ကာလမှာ တစ်စုံတစ်ရာ အဆင်ပြေစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ ဆန်နဲ့ ကြက်ဥ ဈေးလျှော့ရောင်းတာကို လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်။

၂၀၂၂ ခုနှစ်ကလည်း နှစ်ကြိမ်ရောင်းချခဲ့သလို ဒီနှစ်ထဲမှာလည်း နောက်ထပ်ရောင်းချသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org