သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-15
အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့အထိမ်းမှတ်အဖြစ် မန္တလေးမြို့ အစ္စလမ်ဘာသာရေး အဖွဲ့က ကံတက်ကုန်း မစိုးရိမ်ကျောင်း တိုက်မှာ သံဃာတော်အပါး ၁ဝဝ ကို ဒီနေ့ နေ့ဆွမ်းကပ်လှူ ခဲ့ပါတယ်။ ဒီပွဲကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏက RFA ကို အခုလို မိန့်ကြားပါတယ်။
2013-08-15
လွှတ်တော်ဆိုတာ သာမန်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ မဟုတ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုတယ် လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သတိပေးပြောဆိုလိုက်ပါတယ်။
2013-08-15
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ မန္တလေးက စာရေးဆရာ ညီပုလေးနဲ့ ရေနံချောင်းမြို့မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်တဲ့ကိုမောင်မောင်ဝမ်း တို့ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးသစ်ဆင်းက တင်ပြထားပါတယ်။
2013-08-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက် ကတော့ တိုင်းရင်းသားအားလုံး တစ်ဦးကိုတစ်ဦး အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားမှုရှိရေးဖြစ်တယ် လို့ ပြောကြားလိုက်ပါတယ်။
2013-08-14
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းသမားတွေအကြား အငြင်းပွားနေတဲ့ စာနယ်ဇင်းဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဟာ မနေ့က နေပြည်တော်ကိုသွားရောက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2013-08-14
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-14
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာသောမတ် ကင်တားနားဟာ အရပ်ဖက်လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေးအခြေအနေတွေ မေးမြန်းခဲ့ပါတယ်။
2013-08-14
စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်တာတွေ မကြာခဏဖြစ်တာကြောင့် သေမင်းတမန်လမ်းမကြီးလို့ ပြောဆိုနေကြပါတယ်။ အခြေအနေတွေသိရအောင် ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာမှူး ဦးမျိုးမြင့်နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး ဦးနေဝင်းတို့က ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-14
အစိုးရဝန်ကြီးဌာနတွေ ဟာ ပေးထားတဲ့ကတိအတိုင်း အကောင်အ ထည်ဖေါ် ဆောင်ရွက်မပေးခြင်းဟာ ဘဏ္ဍာငွေ အခက် အခဲကြောင့်မဟုတ်ပဲ ဝန်ကြီးဌာနတွေရဲ့ တာဝန်မကျေပွန်မှု နဲ့ ပေါ့လျော့မှုတွေကြောင့်သာ ပေးထားတဲ့ကတိတွေကို အလေးအနက်မထားတာဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက ပြောပါတယ်။
2013-08-14
မနေ့က ခွင့်ပြုချက်မရှိပဲ ဆန္ဒပြဖော်ထုတ် ခဲ့ကြလို့ ဖမ်းဆီးခံထားရတဲ့ နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁ဝ ဦးမှာ ဒေသခံအမျိုးသမီး ၉ ဦးကို ကိုယ်ပိုင်ခံဝန် ပြန်လွှတ်ပေး ခဲ့ပေမယ့် နော်အုန်းလှကိုတော့ အာမခံမပေးဘူးလို့ သိရပါတယ်။
2013-08-14
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Quintana ဟာ ဒီကနေ့ ကချင်ပြည် နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့လည်း တွေ့ ဆုံခဲ့ပါတယ်။
2013-08-14
လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်ခွဲကာလအတွင်း ပြည်သူတွေ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။
2013-08-14
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ် မှန်ကန်ဖို့ လုပ်ဆောင်ရာမှာ မိမိတို့ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဝိုင်းဝန် ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
2013-08-14
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ကဗျာဆရာအောင်ဝေးရဲ့ ၁၉၈၈ ခုနှစ်က အတွေ့အကြုံတချို့ကို ဒီကနေ့နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်စန်းစန်းတင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-08-13
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာလူမျိုးတွေ၊ ရခိုင်လူမျိုးတွေနဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းမှ အောင်မြင်မှာဖြစ်တယ်လို့ ဝါရှင်တန် ဒီစီ မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။