သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-14
တစ်နိုင်ငံလုံးကမဲစာရင်းတွေကို ပြည်နယ်နဲ့ တိုင်းအားလုံးမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြီး လာမယ့် စက်တင်ဘာ၂၇ ရက်နေ့ အထိ ကြေညာသွားမှာဖြစ်ပါတယ်။
2015-09-14
ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွေကို နောက်ဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့က စတင် ထုတ်ပြန်နေပြီဖြစ်ပါတယ်။
2015-09-14
ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ နောက်ဆုံးအဆင့် မဲဆန္ဒရှင်စာရင်းကို မကွေးမြို့မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က ကြေညာထားပါတယ်။
2015-09-14
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲဝင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာဒေါ်သက်သက်ခိုင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-09-14
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးပွဲကို လာမယ့် အောက်တိုဘာလ ပထမအပတ် အတွင်း ကျင်းပသွား မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြောလိုက် ပါတယ်။
2015-09-14
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် က ကျေးရွာတစ်ရာကျော်မှာ နောက် ၂ရက်အတွင်း ရေဖုံးလွှမ်းနိုင်ကြောင်း သတိပေးထားပြီး တချို့ကျေးရွာတွေကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေပါတယ်။
2015-09-14
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ နန်းထိုက်စံတည်းခိုခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့တာကို ဧည့်စာရင်း မတိုင်ခဲ့တာကြောင့် တည်းခိုခန်းပိုင်ရှင်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက သတိပေးပြီး ခံဝန်လက်မှတ်ရေးထိုး ခိုင်းကြောင်း သိရပါတယ်။
2015-09-14
တပ်မတော်က အငြိမ်းစားယူထားသူတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့် ရာထူးတွေမှာ ခန့်အပ်လိုက်တဲ့အပေါ် ရန်ကုန်နဲ့ နေပြည်တော်က ရှေ့နေတွေက ဖဲကြိုးအဝါတွေ ဝတ်ဆင်ပြီး ဒီနေ့ အရှိန်မြှင့်ပြီး ဆက်လက်ကန့်ကွက်ခဲ့ကြ ပါတယ်။
2015-09-14
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ မျိုးကို အောင်အောင်မြင်မြင် ပြ ဌာန်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဒီကနေ့ အောင်မြင်မှု အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့ သစ်တောင်ပိုင်း ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။
2015-09-14
လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူစာရင်းတွေကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးက ရပ်ကွက်၊ ကျေးရွာကော်မရှင် ရုံးခွဲတွေမှာ ဒီနေ့စတင်ကြေညာလိုက်ပြီး မဲစာရင်းမှားယွင်း မှုတွေရှိရင် နှစ်ပတ်အတွင်း ပြင်ဆင်ခွင့်ရှိမှာဖြစ်ပါတယ်။
2015-09-14
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ အမည်စာရင်းလျှောက်ထားသူ ၆၁၈၉ ယောက်ရှိရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် တင်ထားသူ ၁၀၀ ကျော် ပယ်ချခံရပြီး နောက်ဆုံးစာရင်းအရ ကိုယ်စားလှယ်လောင်း ၆၀၆၅ယောက်သာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
2015-09-14
တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေး ထိုးပွဲကို လာမယ့်အောက်တိုဘာလ ပထမပတ် အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2015-09-13
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုး မယ့်နေ့ရက် အတိအကျ သတ်မှတ်နိုင်ရေး ၊ အပစ် ရပ်စာချုပ်မှာ အဖွဲ့တွေအားလုံးပါဝင်နိုင်ရေး အခြေ အနေတွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-09-13
လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင် မယ့် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ကာကွယ်ရေးဝန်ကြီး ဦးဝေလွင်ဟာ ဒီကနေ့ မနက် ပိုင်းက သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမှာ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-09-13
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းက မိုးကြီးခဲ့ရာကနေ ရေစီးနဲ့မျော ပါပျက်စီးခဲတဲ့ နေအိမ် ၃ဝဝ ကျော်ကို ဒီကနေ့ စတင်ဆောက်လုပ်ပေးနေပြီဖြစ်ပါတယ်။