သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-13
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃ ရက်ကြာ ဆွေးနွေးကြမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2015-09-13
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမှာ ပါတီရဲ့မူဝါဒနဲ့ သမိုင်းကြောင်းကို လေ့လာပြီး မဲပေးကြဖို့ ပုဗ္ဗသီရိမဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2015-09-13
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ်စည်းရုံး ခဲ့ပါတယ်။
2015-09-13
မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မူတည်နေတယ် လို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောလိုက် ပါတယ်။
2015-09-13
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်း က ရေကြီးပြီး မျောပါပျက်စီးခဲ့တဲ့ အိမ်ခြေ ၃၅ဝ ကျော်ကို ဒီနေ့ကစပြီး စတင်ဆောက်လုပ်ပေးနေပြီလို့သိရပါတယ်။
2015-09-13
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ အခုလ ကုန်ပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြ မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြော ပါတယ်။
2015-09-13
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို ဖြိုခွင်းရာ မှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ကို မလိုက်နာဘဲ ကျော်လွန် ပြီး ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-09-13
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ ဒီကနေ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း သူရဦးရွှေမန်းနဲ့ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်တို့ အပြိုင် မဲဆွယ်ခဲ့ကြပါတယ်။
2015-09-13
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တသီး ပုဂ္ဂလကိုယ်စား လှယ်တွေကို မဲပေး မယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်ပါတယ်။
2015-09-12
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေး ဒုက္ခသည်တွေ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေကို သီးသန့်ပြု လုပ်ပေးမှာမဟုတ်ဘဲ ဒုက္ခသည် စခန်းနဲ့နီးစပ်တဲ့ သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာပဲ မဲပေးရမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။
2015-09-12
အခုတစ်ပတ် အစီအစဉ်မှာ လာမယ့် နိုဝင်ဘာ လ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပေါ်ထွက်နေ တဲ့ ပြင်ဆင်မှုသတင်းတွေ စည်းရုံးဟောပြောမှု သတင်းတွေနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေနဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြဝင်းတို့နဲ့ အတူဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-09-12
တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေး ဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုဇေယျာလွင် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်က ပါမောက္ခချုပ်က ခွင့်ပြုပေးလိုက်ပါတယ်။
2015-09-12
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ မွတ်စလင်ဒုက္ခသည် တစ်ထောင်ကျော်ကို နေအိမ်ဆောက် လုပ်ပြီး ပြန်လည်နေရာချထားဖို့ ပြင်ဆင်နေတာကို ဒေသ ခံတွေ ကန့်ကွက်လိုက်ကြပါတယ်။
2015-09-12
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူ သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော် မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2015-09-12
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးကြဖို့ ကမ်းလှမ်းချက်ကို ဝမ်းသာပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးကြောင်း KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။