သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-02
မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူစက်ခံရသူ ၂ သိန်း ၁ သောင်းခန့်ရှိပြီး ၁ သိန်းကျော်ဟာ ARV ဆေးကို သောက်သုံးနေရ တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ MARIE STOPES Myanmar ဒါရိုက်တာ ဒေါက်တာစစ်နိုင် ကပြောပါတယ်။
2015-12-02
၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ကနေ ပေါ်ထွက်လာမယ့် NLD အစိုးရသစ်နဲ့ မြန်မာနိုင်ငံရဲ့ပညာရေး စနစ်ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေမှာ အတူပူးပေါင်း လုပ်ဆောင်သွားမယ်လို့ နိုင်ငံလုံး ဆိုင်ရာပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကွန်ယက် NNER အဖွဲ့က ပြောပါတယ်။
2015-12-02
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခသည် စခန်းတွေမှာ လူဦးရေ ၃ထောင်နီးပါးရောက်ရှိနေပြီး အများစုဟာ ကလေးငယ်တွေ ဖြစ်ပြီး ကလေးဦးရေ ၆၀၀ ကျော်အထိ ရှိနေပါတယ်။
2015-12-02
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ရေးထိုး ထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြုပေးဖို့ အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2015-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်းကျေးရွာ၊ လွယ်တောက်ကျေးရွာနဲ့ သိန္နီမြို့နယ်အတွင်း က ကောင်းခေးကျေးရွာတွေက ဒေသခံ ၅ဝ လောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အတင်း အဓမ္မခေါ်ဆောင်သွားကြောင်း ဒေသခံတွေ ကပြောပါတယ်။
2015-12-02
AIDS ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် တောင်ကြီးမြို့မှာလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
2015-12-02
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ရေးထိုးထား1တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူ စာချုပ်ကို အတည်ပြုပေးဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2015-12-02
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရ ငါးနှစ်တာကာလ အတွင်း ပုဒ်မ ၄၃၆ နဲ့ ၅၉-စ တွေ ကို ပြင်ဆင်နိုင် ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်လာမယ်လို့ ယုံကြည်ကြောင်း NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ပြောလိုက် ပါတယ်။
2015-12-02
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းပြည် တာဝန်တွေကို အေးချမ်းစွာအာဏာ လွဲှပြောင်းပေးမယ်ဆိုတာကို ကမ္ဘာသိ အသိပေးထားပြီဖြစ်ကြောင်း နဲ့ မြန်မာနိုင်ငံသမိုင်းမှာ တခါမှမရှိခဲ့ဘူးသေးတဲ့ အေးချမ်းစွာအာဏာ လွဲှပြောင်းရေးဖြစ်ကြောင်း ဒါဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အဆုံးသတ်အောင် ပွဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြော ပါတယ်။
2015-12-02
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရင်က အစဉ်အလာမရှိခဲ့သေးတဲ့ နို်င်ငံတော် အကြီးအကဲတာဝန်တွေကို စနစ်တကျ လွဲှပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2015-12-01
မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲ တစ်ရပ် အောင်အောင်မြင်မြင် ပြီးဆုံး သွားခဲ့ပေမယ့် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ကြီးကြီး ကျယ်ကျယ်ပြောင်း လဲသွားဘွယ် မမြင်ဘူးလို့ ရှေ့နှစ်ခန့်အပ် မယ့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ထားသူ Mr Scot Marciel က ပြောကြားလိုက်ပါတယ်။
2015-12-01
မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ ရှယ်ယာ ငွေကြေးဈေးကွက်ဖြစ်တဲ့ YEX လို့ခေါ်မယ့် ရန်ကုန် စတော့ဈေးကွက်ကို အခုလ ၉ ရက်နေ့မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
2015-12-01
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ်ကို လွှတ်တော်က အတည်ပြုပေးဖို့ အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာကို သမ္မတ ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
2015-12-01
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံ သူ ၅ဝ ကျော်ထဲက ၈ ဦး ဟာ ကျန်းမာရေး အခြေအနေမကောင်းတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ ဆေးကုသခံဖို့အတွက် သာယာဝတီမြို့ နယ်ဆေးရုံက စာထုတ်လိုက်ပြီး ထောက်ခံပေးလိုက်ပါတယ်။
2015-12-01
မြန်မာနိုင်ငံမှာ ခုခံအားကျဆင်း မှုရောဂါဝေဒနာရှင်တွေ သောက်သုံးရမယ့် ART ဆေးရရှိမှုဟာ တဝက်လောက်သာ ရှိနေသေးတဲ့ အတွက် လုံလောက်မှု မရှိကြောင်း HIV/AIDS ဝေဒနာ ရှင်တွေကို အကူအညီပေးနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။