သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-30
ချင်းပြည်နယ် ပလက်ဝမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်အနီးက ပါလာ ဝ ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဗုံးတစ်လုံးပေါက်ကွဲခဲ့ တာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)တာဝန်ရှိသူတွေကို ရခိုင်ပြည် နယ်အစိုးရအဖွဲ့က မနေ့က ခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2015-11-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်းကျေးရွာ၊ လွယ်တောက်ကျေးရွာနဲ့ ကောင်းခါးကျေး ရွာတွေက ဒေသခံ ငါးဆယ်နီးပါးလောက်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ရွာထဲဝင်ပြီး အတင်း အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-11-30
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံ ပိုင်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ချိုးဖောက် တာကြောင့် အရေးယူပေးဖို့ဆိုပြီး နေပြည်တော်၊ သမ္မတ ရုံးထံ တိုင်ကြားဖို့ ကြိုးစားတဲ့ အလုပ်သမား ၁ဝဝ နီးပါး ကို နေပြည်တော်အဝင်မှာ ဒီနေ့တားမြစ်ကြပါတယ်။
2015-11-30
ရန်ကုန်တိုင်းဒေသကြီးမှာ တည်ဆောက် ပြီးစီးသွားတဲ့ ခုံးကျော်တံတား ၄ခုရဲ့ ကုန်ကျစရိတ်တွေကို လက်ရှိတိုင်းဒေသကြီး အစိုးရသက်တမ်းမကုန်မီ အသေး စိတ် ထုတ်ပြန်ကြေညာပေးဖို့ တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2015-11-30
မြန်မာ့တပ်မတော်က ကလေးစစ်သား ၅၃ ယောက် ဒီနေ့ပြန်လွှတ်လိုက်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
2015-11-30
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို ကြိုဆိုဂုဏ်ပြုရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ် မှာ ရေးသားလိုက်ပါတယ်။
2015-11-30
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံမှာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-11-29
သတင်းစာ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲ အခမ်းအနားကို အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2015-11-29
NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ အခု ဒီဇင်ဘာ လထဲ တွေ့ဆုံနိုင်ချေရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA ကိုပြောပါတယ်။
2015-11-29
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ တန်ဖိုးငွေ ကျပ် ၈၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန က ကြေညာပါတယ်။
2015-11-29
သတင်းစာ စာရေးဆရာမကြီး လူထုဒေါ် အမာရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအခမ်း အနားကို အမရပူရမြို့ တောင်လေး လုံး ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-11-29
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အမှတ် ၃ ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည် အိမ်ထောင် စုပေါင်း ၁၇၀ ကျော်ကို မင်းဂံရပ်ကွက် အတွင်းမှာလုံးချင်းနေ အိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးမယ်လို့ ရခိုင်ပြည် နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2015-11-29
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေနဲ့ တိုင်းရင်းသားဒေ သတွေမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို မစုစည်းနိုင်ခဲ့လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ SNLD ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။
2015-11-29
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC နှစ်ပတ်လည် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် ဒီဇင်ဘာလ ဒုတိယ ပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြော ပါတယ်။
2015-11-29
နိုဝင်ဘာလ (၂၉) ရက်နေ့မှာ ကျရောက်မယ့် သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ နှစ် (၁၀၀) ပြည့် မွေးနေ့နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ စာရေးဆရာတချို့ ပြောပြတဲ့ အမေလူထုဒေါ်အမာအကြောင်း မသင်းသီရိက စုစည်းတင်ပြထားပါတယ်။