သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံပြီး အမှာစကား ပြောကြားပါတယ်။
2015-11-29
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါအချက် အလက်တွေကို ဆက်လက်အကောင်အထည်ဖို့ အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင်တွေ၊ ဒေသခံတွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဟာ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့Royal Star ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2015-11-29
အခုတစ်ပတ် အစီအစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်တို့က စစ်ပွဲတွေ အရှိန်မြင့်လာတဲ့ အကြောင်းနဲ့ ဖားကန့်ဒေသက စွန်ပစ်မြေစာပုံတွေ အကြိမ်ကြိမ် ပြိုကျတဲ့အကြောင်းတွေကို အခြေခံပြီး ကချင်ပြည်နယ် စည်းလုံးရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အင်ဂျန်းယန်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူနဲ့ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာတင့်ဆွေ တို့နဲ့ဆက်သွယ်ပြီး RFA ဦးခင်မောင် ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-11-28
ရှမ်းပြည်နယ် မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်ဝင်တွေက အလှုငွေကောက်ခံပြီးတော့ ကူညီ သွားမယ်လို့သိရပါတယ်။
2015-11-28
မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား မှာ ရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အဖု အထစ်တွေကို ဖယ်ရှားပြီး ရှေ့ကို တက် လှမ်းလိုတဲ့ ဆန္ဒရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ကပြောကြားလိုက် ပါတယ်။
2015-11-28
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စား လှယ်တွေအနေနဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စကို လုံးဝရှောင်ရှားဖို့ တိုက်တွန်းကြောင်း SNLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေက ပြောပါတယ်။
2015-11-28
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း ကယ်ဆယ်ရေး စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ဦးရေ တစ်ထောင်ကျော်အတွက် အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့ မှာ ငွေကျပ် သိန်း ၆ဝ ကို လှူဒါန်းခဲ့ပါတယ်။
2015-11-28
အစိုးရတပ်မတော်နဲ့ RCSS /SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ တို့ဟာ နှစ်ဖက်တပ်နေရာချထားရေးနဲ့ နယ်မြေသတ်မှတ်ရေးတွေအတွက် လာမယ့် ဒီဇင်ဘာလ ဆန်းပိုင်းမှာ ရှမ်းပြည်နယ်အတွင်း တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ RCSS /SSA က ပြောပါတယ်။
2015-11-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော် ရွာက Ever Winner ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ရတနာပြည့်ဖြိုးအောင် ကျောက်စိမ်းကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။
2015-11-28
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အင်္ဂလန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့ထုတ်ပြန်လိုက် တဲ့ မြန်မာကျောက်စိမ်းနဲ့ပတ်သက်တဲ့ အစီရင်ခံ စာမှာပါရှိတဲ့ အကြောင်းအရာတွေဟာ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
2015-11-28
ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖြတ်သန်းနေသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါမယ်။
2015-11-28
လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်လာသူ မရှိသေးဘဲ ကန့်ကွက်လွှာတင်လာတဲ့အခါ ခုံရုံးအဖွဲ့ဖွဲ့ စည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကော် မရှင်ရုံးတွေမှာ လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါ တယ်။
2015-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က ခေါင်းဆောင်တွေဟာ မနေ့က ရန်ကုန်မြို့NLD ရုံးမှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-28
လာမယ့်အစိုးရသစ်နဲ့ လွှတ်တော်အသစ် နှစ်ရပ်လုံး မှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အများစု ရှိနေမှာဖြစ်တာကြောင့် အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းတာတွေ အားနည်းသွားနိုင် သလို၊ NLD ပါတီက ဦးဆောင်မယ့် အစိုးရအပေါ်မှာ လည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ အလွန် အမင်း မြင့်တက်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ က ပြောပါတယ်။
2015-11-28
သတင်းစာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို မန္တလေးမြို့ ဓမ္မသာလာခန်းမမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ဒီအခမ်းအနားမှာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေက လူထုဒေါ်အမာကို ဂုဏ်ပြုတဲ့စာတမ်းတွ ဖတ်ကြားခဲ့ကြပါတယ်။