သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-28
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ ဖားကန့်ဒေသခံတွေကို နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ဒေသခံတွေက ဥရုချောင်းတိမ်ကောလာပြီး ရေကြီးလို့ လူနေအိမ်ခြေတွေ နှစ်စဉ်ရေနစ်မြုပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။
2015-11-28
အောက်တိုဘာလတုန်းက အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်လိုက်တဲ့ မြန်မာကျောက်စိမ်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာပါတဲ့ အကြောင်းအရာတွေဟာ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက နိုဝင်ဘာလ ၂၇ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
2015-11-28
လာမယ့် ဇန်နဝါရီလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်-မူကြမ်းရေးဆွဲရေး ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်က NLD လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
2015-11-27
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရရှိခဲ့တဲ့ မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကို မဲဆွယ်စည်းရုံးရာမှာ ဘာသာရေးကိုအသုံးပြုပြီး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။
2015-11-27
ဗြိတိန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲ ထားသလို ကျောက်စိမ်းလုပ်ငန်းလုပ်နေတဲ့ မျိုးနွယ်ကျောက်မျက်ကုမ္ပဏီ၊ မြတ်ယမုံကျောက်မျက်ကုမ္ပဏီနဲ့ သက်ဆိုင်မှုမရှိကြောင်း အစွပ်စွဲခံရတဲ့ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ငြင်းဆိုလိုက် ပါတယ်။
2015-11-27
မနေ့က တန်ဆောင်မုန်းလပြည့်နေ့က မြို့ကြီးအတော်များများမှာ စတုဒိသာနဲ့ နိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့နဲ့ ပျဉ်းမနားမြို့တွေက စတုဒိသာနဲ့ နိဗ္ဗာန်ဈေးပွဲတော်တွေအကြောင်း RFA သတင်းထောက် ကိုထက်အာကာက စုစည်းတင်ပြထားပါတယ်။
2015-11-27
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ NDF ပါတီက ဒေါ်ခင်ဝိုင်းကြည်၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ဦးသိန်းညွန့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စာရေးဆရာ ဦးကျော်ဝင်းစတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ် ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာ တွေမှာ ပြောကြား ကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-11-27
မုံရွာမြို့ အနောက်ဖက် မိုင် ၅၀ ကျော်အကွာကိုဗဟိုပြုပြီး ပြင်းအားအဆင့် ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ နေ့လည် ၃ နာရီ ၅ မိနစ်လောက်က လှုပ်ခတ်သွားခဲ့ပါတယ်။
2015-11-27
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို တိုကျိုမြို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2015-11-27
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက်စုပေါင်းပြီး ကျပ် သိန်း ၅၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
2015-11-27
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မူကို ဦးစားပေးသွားမယ်လို့ ကတိပြုတာကြောင့် အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ KNU ကရင် အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
2015-11-27
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပန်ရာရွေးကျေးရွာအနီးမှာ အစိုးရတပ်မ ၇၇ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၄၃၄ တို့ ဒီနေ့ တိုက်ပွဲဖြစ် ပွားနေတယ်လို့ သိရပါတယ်။
2015-11-27
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခ သည်စခန်းတို့မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေဟာ ဝမ်းရောဂါတွေ ခံစားနေရတဲ့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆရာဝန်တွေ၊ သူနာပြုတွေကို ခေါ်ဆောင်သွား ပြီး ဆေးကုသပေးနေပါတယ်။
2015-11-27
သတင်းစာနဲ့ စာရေးဆရာမ လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ဓမ္မသာလ ခန်းမမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။