အာဆီယံရဲ့ကြားဝင်ဆောင်ရွက်မှုနဲ့ မြန်မာ့ပြဿနာ မပြေလည်နိုင်ပါ
ဒီတပတ်အစီအစဉ်မှာတော့ “အာဆီယံရဲ့ကြားဝင်ဆောင်ရွက်မှုဟာ မြန်မာ့ပြဿနာကိုမပြေလည်နိုင်ပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
- 2021-06-05
-
-
-
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးရာ ဝန်ကြီး Erywan Pewhin Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ၂၀၂၁၊ ဇွန် ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်
Photo: HANDOUT / MYANMAR NEWS AGENCY / AFP
ဒီတပတ်အစီအစဉ်မှာတော့ “အာဆီယံရဲ့ကြားဝင်ဆောင်ရွက်မှုဟာ မြန်မာ့ပြဿနာကိုမပြေလည်နိုင်ပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
အာဆီယံအပါအဝင် နိုင်ငံခြားအစိုးရတွေရဲ့ အကူအညီတွေထက် ပြည်တွင်းက လှုပ်ရှားမှုနဲ့ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ပေါင်းစပ်ပြီး တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန် ရောက်အောင်ကြိုးပမ်းကြဖို့ လိုပြီဆိုတဲ့အကြောင်း ဆွေးနွေးထားတာဖြစ်ပါတယ်။
အဓိကပါဝင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ရန်ကုန်လူငယ်ကွန်ယက်က မသဥ္ဇာရွှန်းလဲ့ရည် တို့ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လွှင့်တာဖြစ်ပါတယ်။