“အာဆီယံရဲ့ နောက်ခြေလှမ်းနဲ့ NUG အစိုးရအတွက်အခွင့်အလမ်း”

အာဆီယံက ဆောင်ရွက်လာမယ့် နောက်တစ်ဆင့်မှာ ပေါ်လာမယ့်အခွင့်အလမ်းကို NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုအမိအရဆုပ်ကိုင်မလဲဆိုတာတွေ ပါဝင်ဆွေးနွေးထားပါတယ်။

“အာဆီယံရဲ့ နောက်ခြေလှမ်းနဲ့ NUG အစိုးရအတွက် အခွင့်အလမ်း” Photo: RFA

ပြီးခဲ့တဲ့ သြဂုတ်လပထမပတ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ မိတ်ဖက်နိုင်ငံများရဲ့အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဦးစားပေးဆွေးနွေးခဲ့ကြတဲ့အခါမှာ တစ်နှစ်ကျော်တဲ့အထိ စစ်ကောင်စီက ဘုံသဘောတူချက်တွေ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် နောက်ထပ်ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတဲ့အပေါ် ဖြစ်နိုင်ခြေတွေကို ဒီတစ်ပတ် စကားဝိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။

အဲဒီအပြင် အာဆီယံက ဆောင်ရွက်လာမယ့် နောက်တစ်ဆင့်မှာ ပေါ်လာမယ့်အခွင့်အလမ်းကို NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုအမိအရဆုပ်ကိုင်မလဲဆိုတာတွေ ပါဝင်ပါတယ်။

အဓိကပါဝင်ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေကတော့ အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးသိပ္ပံပညာပါမောက္ခ ဒေါက်တာထွန်းမြင့်နဲ့ ဦးမိုးဇော်ဦး အမျိုးသားညီညွတ်ရေးအစိုးရ ဒု ဝန်ကြီးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org