ကိုဗစ် စစ်တဲ့ ပြင်ပ Test Kit တွေ မသုံးဖို့ တိုင်းကျန်းမာရေး သတိပေး
အပြင်ဈေးကွက်တွေမှာ ရောင်းချနေပြီး၊ စမ်းသပ်စစ်ဆေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ Test Kit တွေက အာမခံချက်မရှိဘဲ ရောဂါပျံ့နှံ့စေတဲ့ အန္တရာယ် ပိုရှိစေတာကြောင့် မစစ်ဆေးကြဖို့နဲ့ အဲဒီလိုစစ်ဆေးပေးတဲ့ ဆေးခန်းတွေကိုလည်း ပိတ်သိမ်းတဲ့အထိ အရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောလိုက်ပါတယ်။
-
2020-11-26 -
-
-
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA
အပြင်ဈေးကွက်တွေမှာ ရောင်းချနေပြီး၊ စမ်းသပ်စစ်ဆေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ Test Kit တွေက အာမခံချက်မရှိဘဲ ရောဂါပျံ့နှံ့စေတဲ့ အန္တရာယ် ပိုရှိစေတာကြောင့် မစစ်ဆေးကြဖို့နဲ့ အဲဒီလိုစစ်ဆေးပေးတဲ့ ဆေးခန်းတွေကိုလည်း ပိတ်သိမ်းတဲ့အထိ အရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောလိုက်ပါတယ်။ ဒေါက်တာထွန်းမြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်း က တွေ့ဆုံမေးမြန်းထားပါတယ်။