နေအိမ်အပြင်မထွက်ရတဲ့ မန္တလေးခရိုင်မှာ ပိုးကူးစက်မှုနှုန်း ကျဆင်းမှုမရှိ

2020.12.15

မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုမှာ အခုလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်အပြင်မထွက်ရ သတ်မှတ်ထားတာ ဒီနေ့မှာ ၁၁ ရက်မြောက်ရှိလာပါပြီ။
ဒါပေမဲ့လို့ ရောဂါကူးစက်မှု ကျဆင်းသွားတာမရှိဘဲ မန္တလေးခရိုင်အတွင်း တစ်ရက်ကို ကူးစက်သူပျမ်းမျှ ၂၀၀ ဝန်းကျင်ရှိနေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့၊ ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

ဦးစိုင်းပန်းဆိုင်ကို RFA သတင်းထောက် မခေမဏီဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။