စဉ့်ကူးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

RFA Burmese
2025.05.05
စဉ့်ကူးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
Photo: RFA

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှရွာနဲ့ ထုံးကြီးရွာကို မေလ ၃ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးပြီးနောက်ထပ် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပန်လှရွာနဲ့ ထုံးကြီးရွာကို ည ၁၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ထုံးကြီးရွာက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ် သုံးဦးဒဏ်ရာရခဲ့သလို လက်ပန်လှရွာက အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအပြင် လူနေအိမ်ငါးလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ အကြောင်း မပြန်ပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က် (Volker Turk) ကလည်း မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

 စစ်ကောင်စီအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ရပ်ဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။