မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း တစ်လ ထပ်တိုး

RFA Burmese
2025.05.02
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း တစ်လ ထပ်တိုး MNDAA ခေါင်းဆောင်များ။
The Kokang

ငလျင်နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မေလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အပစ်ရပ်သက်တမ်းထပ်တိုးကြောင်း MNDAA၊ TNLA နဲ့ AA မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလကုန်အထိ အပစ်ရပ်ကြေညာချက်ကို ဒုတိယအကြိမ် တစ်လ သက်တမ်းတိုးလိုက်တာပါ။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေ နဲ့ ဆက်စပ်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးတာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒီကာလအတွင်း ခုံခံကာကွယ်တဲ့ တုံ့ပြန်မှုကလွဲရင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုပ်မှမဟုတ်ဘူးလို့ လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ ဧပြီလကုန်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ပေမယ့် နောက်ထပ် သက်တမ်းတိုးတာတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။