NLD အစိုးရသစ်မှာ တိုင်းရင်းသားပါတီတွေကို ပါဝင်ခွင့်ပေးဖို့ တအာင်း(ပလောင်)ပါတီ ဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ ခေါင်းဆောင်တွေ ဒီကနေ့ညနေပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ NLD ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
-
စောဖိုးခွား
2021-01-13 -
-
-
၂ဝ၂ဝ အောက်တိုဘာ ၂ဝ ရက်နေ့က တအာင်းအမျိုးသားပါတီ မဲဆွယ်စည်းရုံးရေးမှာ ကြိုဆိုနေကြသော ပါတီ ဝန်းရံထောက်ခံသူများ။
Photo: Ta'arng National Party/Facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ ခေါင်းဆောင်တွေ ဒီကနေ့ညနေပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ NLD ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ လာမယ့် NLD အစိုးရသစ်အဖွဲ့အတွင်း တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေပါဝင်နိုင်ဖို့ တအာင်း(ပလောင်) အမျိုးသားပါတီက ဆွေးနွေးတင်ပြခဲ့ပါတယ်။ NLD ကိုယ်စားလှယ်အဖွဲ့ဘက်က အပြန်အလှန်ဆွေးနွေးတာမရှိခဲ့ဘဲ တင်ပြတဲ့အချက်တွေကို NLD ဗဟိုကို ပြန်တင်ပြရမှာဖြစ်ပါတယ်။
ဒီကနေ့ တောင်ကြီးမြို့က နှစ်ပါတီတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်ကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။