NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် မိသားစုနဲ့တွေ့ခွင့်မရ
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2024.03.06
2024.03.06
စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံရပြီး မန္တလေးအိုးဘိုထောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ အနှစ်၂ဝ ပြစ်ဒဏ်ကျခံနေရတဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို စစ်ကောင်စီက အခုအချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့်မပြုဘူးလို့သိရပါတယ်။ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ရောဂါဝေဒနာမျိုးစုံကိုလည်း ခံစားနေရတယ်လို့ သိရပါတယ်။
ဦးဝင်းထိန်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ မချစ်စုဝင်းထိန် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။