ရခိုင်စစ်ရေးပဋိပက္ခဖြေရှင်းဖို့ မျှော်လင့်ချက်

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာ ဖြေရှင်းကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက မျှော်လင့်နေကြပါတယ်။

aa-622

 

■ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေဖြစ်နေတာ ၆ နှစ် တာကာလကို ရောက်ရှိလာခဲ့ပါပြီ။ ၂ဝ၁၈ နှစ်ကုန်ပိုင်းမှာတော့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနေတာကိုလည်း တွေ့ရပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာ ဖြေရှင်းကြဖို့ မျှော်လင့်နေသူတွေ၊ အကြံပြုသူတွေရဲ့ စကားသံတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

ရိုက်ကူး - သီဟထွန်း၊ မင်းသိန်းအောင်၊ ဝင်းကိုကိုလတ်/RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org