ရခိုင်ဒုက္ခသည်တွေရဲ့ အစိုးရသစ်အပေါ် မျှော်လင့်ချက်
မင်းသိန်းအောင်
2021.01.29
2021.01.29
ရွေးကောက်ပွဲပြီးနောက်ပိုင်း၊ ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်တာမရှိတော့ပါဘူး။
ဒါပေမဲ့လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်နိုင်ချေရှိနေတဲ့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေက စစ်ရှောင်စခန်းတွေမှာ အများအပြား ရှိနေဆဲပါ။
ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ အခုလ ၁၃ ရက်နေ့အထိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိတဲ့ မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၁၂၉၀ နဲ့ လူဦးရေ ၈၅၈၄၃ ဟာ ကယ်ဆယ်ရေးစခန်း ၁၅၈ ခုမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲဒုက္ခသည်စခန်း နေထိုင်သူတွေ အစိုးရသစ် အပေါ် ထားရှိတဲ့ မျှော်လင့်ချက်ကို ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။