ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန်စောင့်မျှော်

နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေကြပုံများကို တင်ပြထားပါသည်။



လူထောင်နှင့်ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန်အတွက် NLD ပါတီရုံးရှေ့တွင် စောင့်မျှော်နေကြသလို ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၂၀၀ ကျော်ကို လက်ကိုင် ပိုစတာပုံစံ ပြုလုပ်ပြီး ကြိုဆိုရန် စီစဉ်ထားသော်လည်း ညနေ ၅ နာရီကျော်သည့်အထိ အခြေအနေ ထူးခြားမှု မတွေ့ရပါ။

NLD ပါတီခေါင်းဆောင်များက ပရိဿတ်ကို ကျေးဇူးတင်စကားပြောပြီး အိမ်ပြန်ကြရန် ပန်ကြားခဲ့သည်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org