တပ်ပိုင်စီးပွားရေးတွေဖယ်ကျဉ်ဖို့ ကုလတိုက်တွန်း
တပ်မတော်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြတ်တောက်မှဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေး တိုက်တွန်းလိုက်ပါတယ်။
-
2019-08-09 -
-
-
UN-622.jpg
တပ်မတော်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြတ်တောက်မှဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေး တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အခုလို တိုက်တွန်းထားတာပါ။
ဒီအဖွဲ့ကတင်ပြထားတဲ့ ဗီဒီယိုကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။