မြန်မာ့တပ်မတော် လိင်အကြမ်းဖက်မှု ကျူးလွန်ကြောင်း ကုလအစီရင်ခံစာ


2019.08.30

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော်ကတော့… ဒီစွပ်စွဲချက်တွေဟာ နှုတ်နဲ့တောင် ထုတ်မပြောဝံ့တဲ့ အချက်တွေ ဖြစ်တယ်ဆိုပြီး ငြင်းဆိုထားပါတယ်။

ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ တချို့ကတော့ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ငြင်းပယ်တာတော့ မရှိပါဘူး။

RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။