နေရပ်ပြန်ချင်တဲ့ ဟိန္ဒူဒုက္ခသည်များ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် လေးရာကျော်က ပြန်လာချင်နေတယ်လို့ ပြောနေပါတယ်။ ကုလသမဂ္ဂဘက်ကတော့ မြန်မာနိုင်ငံဘက် ပြန်ချင်တယ်ဆိုပြီး သူတို့ဆီကို ဆက်သွယ်လာသူ တယောက်မှမရှိဘူးလို့ ဆိုပါတယ်။

hindu-622.jpg

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးပြန်လက်ခံဖို့ မြန်မာအစိုးရက အဆင်သင့်ဖြစ်နေပြီ ဆိုပေမယ့် အခုချိန်ထိတော့ တယောက်မှ ပြန်မလာကြသေးပါဘူး။

ဒါပေမဲ့လည်း ဒီဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် လေးရာကျော်ကတော့ ပြန်လာချင်နေတယ်လို့ ပြောနေပါတယ်။ ကုလသမဂ္ဂဘက်ကတော့ မြန်မာနိုင်ငံဘက် ပြန်ချင်တယ်ဆိုပြီး သူတို့ဆီကို ဆက်သွယ်လာသူ တယောက်မှမရှိဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေ ပြန်မလာနိုင်တာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရကြားမှာလည်း အပြန်အလှန်ပြစ်တင်မှုတွေ ရှိနေပါတယ်။

RFA ဝိုင်းတော်သား စောဖိုးခွားက စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org