ဂျပန်ဘာသာနဲ့ ဘွဲ့ရပြီး စစ်အာဏာသိမ်းလို့ ဖရဲသီးရောင်းနေရတဲ့ အမျိုးသမီးငယ်
စစ်တပ်အာဏာသိမ်းမှုကြောင့် ကဏ္ဍအသီးသီးမှာ ထိခိုက်ပျက်စီးခဲ့သလို လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေလည်း ပျောက်ဆုံးပြီး ကြိုးစားထားတာတွေ ဆုံးရှုံးနေရပါတယ်
- 2022-06-06
-
-
-
အိန္ဒိယနယ်စပ်မှာ ဖရဲသီးရောင်းနေသည့် တမူးမြို့သူ မဖြိုးဖြိုးကို တွေ့ရစဉ်
-
စစ်တပ်အာဏာသိမ်းမှုကြောင့် ကဏ္ဍအသီးသီးမှာ ထိခိုက်ပျက်စီးခဲ့သလို လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေလည်း ပျောက်ဆုံးပြီး ကြိုးစားထားတာတွေ ဆုံးရှုံးနေရပါတယ်။ အဲဒီလူငယ်တွေထဲမှာ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဂျပန်ဘာသာ အထူးပြုနဲ့ ဘွဲ့ရထားတဲ့ တမူးမြို့သူ မဖြိုးဖြိုး တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
ဂျပန်ကို ကျောင်းသွားတက်ခါနီးမှာ စစ်အာဏာသိမ်းလိုက်လို့ သူ့အစီအစဉ်တွေ ပျက်သွားရသလို၊ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ကြတဲ့အတွက် မိသားစုရဲ့အိမ်ပါ အသိမ်းခံရပြီး၊ အခုတော့ အိန္ဒိယနယ်စပ်မှာ ဖရဲသီးရောင်းရင်း ဘဝရပ်တည်ရေး ကြိုးစားနေပါတယ်။
မဖြိုးဖြိုးရဲ့ ဘဝအတွေ့အကြုံနဲ့ ခံယူချက်တွေအကြောင်း မခင်မိုးညို တင်ပြထားပါတယ်။