အမေရိကမှာ NUG အစိုးရရုံးဖွင့်လှစ်

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ခဲ့သည့် NUG နိုင်ငံခြားရေးဝန်ကြီးရုံး။ ဓာတ်ပုံ: အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးရုံး။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုမှု မရှိသလောက် နည်းနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခန့်အပ်တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေကတော့ အထင်ကရ နိုင်ငံကြီးတွေမှာ ရုံးခန်းတွေ ဖွင့်ပြီး လှုပ်ရှားနေတာ အခုဆိုရင် ၈ နိုင်ငံရှိသွားပါပြီ။

နိုဝင်ဘာ ၁၈ ရက်နေ့မှာဆိုရင်လည်း အမေရိကန် ပြည်ထောင်စုရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ရုံးခန်းဖွင့်လှစ်လိုက်ပါတယ်။

သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ ဒီရုံးတည်ရှိတာ ဖြစ်ပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ NUG ကိုယ်စားလှယ် ရုံးခန်းဖွင့်တဲ့ နိုင်ငံတွေကို ကန့်ကွက်ထားပါတယ်။

NUG အစိုးရကို တရားမဝင် အစိုးရလို့ စစ်ကောင်စီဘက်က သတ်မှတ်ထားတာကြောင့် ရုံးခန်းဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေဟာ အကြမ်းဖက်မှုကို အားပေးနေတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

နိုဝင်ဘာ ၁၈ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဖွင့်လိုက်တဲ့ ရုံးခန်းကတော့ အမေရိကမှာ ပထမဆုံးဖွင့်တဲ့ NUG ရုံးဖြစ်ပါတယ်။

အခုဆိုရင် ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆိုပြီး အပြိုင် ရုံး နှစ်ရုံး ရှိသွားပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org