NUG အစိုးရ ရိုဟင်ဂျာ မူဝါဒအပေါ် ရိုဟင်ဂျာများ တုံ့ပြန်ချက်
2021.06.05
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကနေ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ မူဝါဒနဲ့ပတ်သက်ပြီး ကြိုဆိုတဲ့အကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ NUG အစိုးရရဲ့ မူဝါဒပါ အကြောင်းအရာ အချို့ဟာ ရှင်းလင်းပြတ်သားမှု မရှိတဲ့အတွက် ဆက်ပြီးစောင့်ကြည့်ဖို့ လိုဦးမယ်လို့လည်း ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။