သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-27
နှစ် ၇၀ ပြည့် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်ဇေယျာသီရိ စစ်ရေးပြကွင်းမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
2015-03-27
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆိုပြု၊ ပြင်ဆင်ချက်တွေထည့်သွင်းပြီး အတည်ပြုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေအားလုံး မပါဝင်ဘဲ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
2015-03-27
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်- PNO ပါတီရဲ့ ဒုတိယ အကြိမ်ညီလာခံ ကို တောင်ကြီးမြို့ ကန်ကြီးရပ်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းမှာ မတ်လ ၂၃ ရက်ကနေ ၂၅ ရက်နေ့ထိ သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-03-27
အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာတွေကို ကျပ် ၄ သောင်းခွဲ၊ အမြင့်ဆုံးလစာကို ၂ သိန်းခွဲစီ တိုးမြှင့်ပေးဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင်စုလွှတ်တော်က မတ်လ(၂၆)ရက်ဒီနေ့ အတည်ပြု လိုက်ပါတယ်။
2015-03-27
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သီးရွက်နဲ့သားငါး ရောင်းချကြတဲ့ ဆိုင်ကယ်ဈေးသည်တွေရဲ့ တနေ့တာ လှုပ်ရှားရုန်းကန်မှု အခြေအနေတွေကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2015-03-27
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာ မြေအိုးလုပ်ငန်းကို အဓိက မှီခိုလုပ်ကိုင်စားသောက်နေထိုင်တဲ့ ရပ်ကွက်တွေ ရှိနေပါတယ်။ အဲ့ဒီလုပ်ငန်းတွေဟာ အခုဆိုရင် ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရ ပါတယ်။
2015-03-27
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-03-26
လက်ပံတန်းမြို့မှာ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား တွေနဲ့ အားပေးကူညီသူ၊ စုစုပေါင်း အယောက် ၈ဝ ကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-03-26
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို မတ်လ(၂၅)ရက် ဒီကနေ့ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တဲ့အတွက် မိဘဖြစ်သူတွေ က ဒီနေ့မနက်အစောကြီးတည်းက သာယာဝတီထောင်ရှေ့ မှာ စောင့်ဆိုင်းခဲ့ ကြပါတယ်။
2015-03-26
ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းတိုင်းရင်းသားတွေ အဓိကထား စိုက်ပျိုးကြတဲ့ ကြက်သွန်ဖြူဟာ အခုနောက်ပိုင်း ဈေးကောင်းမရတဲ့အတွက် ကြက်သွန် စိုက်ပျိုးတာ နည်းလာနေပါတယ်။
2015-03-26
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၆ ဦးက အမျိုးသား လွှတ်တော်မှာ မတ်လ(၂၅)ရက် ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-03-25
မတ်လ ၁ဝ ရက်နေ့က သပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး ဖမ်းဆီးထား တဲ့ကျောင်းသားတွေနဲ့ ပြည်သူတွေ ကို အမြန်ဆုံးလွှတ်ပေး ဖို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။
2015-03-25
အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂ဝ၁၅ ခုနှစ်အတွက် “နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု” ကို မြန်မာနိုင်ငံက အမျိုးသမီးတန်း တူညီမျှမှု အခွင့်အရေး ဆောင်ရွက်နေသူ ကချင်တိုင်းရင်းသူ မမေစယ်ဖြူက လက်ခံရရှိခဲ့ပါတယ်။
2015-03-25
မတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့ အနီးမှာ ရေကြောင်း ပို့ဆောင်ရေးဌာနပိုင် အောင်တံခွန် (၃) ရေယာဉ် နစ်မြုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ မတ်လ(၂၃)ရက် ဒီကနေ့ အရေးကြီး အဆိုတရပ်တင်သွင်းပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။
2015-03-25
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦးက အမျိုးသားလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးခဲ့ကြပါတယ်။