သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-24
ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီး ဒေသဘက်က ဘိန်းခင်းတွေကို အစိုးရတပ်မတော်၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖျက်ဆီးသွားမယ်လို့ ကချင်လူမှု အဖွဲ့အစည်းတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-02-24
၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကို စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဒီကနေ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ မနီလာသိန်းဟာ လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ အနေနဲ့ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန် သမိုင်းလမ်းဆုံမှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာပါ။
2016-02-24
မန္တလေးစက်မှုဇုန် Popy စားသောက်ကုန်စက်ရုံ ၂ ရုံက အလုပ်သမား ၄ ရာကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် စက်ရုံရှေ့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။
2016-02-24
မကွေးတိုင်းအတွင်းက တောင်သူတွေကို ၇ နှစ်အတွင်း အရစ်ကျ ပေးချေတဲ့စနစ်နဲ့ ရောင်းချထားတဲ့ လယ်ထွန်စက်တွေအတွက် တစ်နှစ်မပြည့်ခင်မှာပဲ သမဝါယမအသင်းက စက်ဖိုးတောင်းခံနေတဲ့အတွက် တောင်သူတွေ အခက်တွေ့နေကြပါတယ်။
2016-02-24
ဒီနေ့ကျရောက်တဲ့ ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ် ချောင်းဆုံမြိုနယ် ကလော့ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မွန်သံဃာတော်တွေ၊ မွန်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပါအဝင် ဒေသခံတွေ တတ်ရောက်ခဲ့ပါတယ်။
2016-02-24
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်ကစပြီး ရွေးကောက်ပွဲ လွန်ကာလ- သမ္မတအမည်စာရင်း ကြေညာတဲ့ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးကို စီမံချက်ကာလအနေနဲ့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
2016-02-23
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှာ အသုံးပြုနေတဲ့ စမ်းချောင်းတွေနဲ့ ရေထွက်ပေါက်တွေဟာ ကျောက်မိုင်းကြောင့် ရေမထွက်တော့တဲ့အတွက် ဒေသခံရွာသားတွေ လယ်ယာမြေလုပ်ကိုင်ဖို့နဲ့ သောက်သုံးရေ အခက်အခဲ ဖြစ်နေပါတယ်။
2016-02-23
ရာသီဥတု ပြောင်းလဲမှုနဲ့ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရဌာနဆိုင်ရာ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
2016-02-23
မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဖွဲ့စည်းဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတွေ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2016-02-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက လွှတ်တော် ဥက္ကဋ္ဌတွေ၊ ဒု-ဥက္ကဋ္ဌတွေ နဲ့ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-02-22
၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-02-22
၈၈ မျိုးဆက်အဖွဲ့နဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကျောက်မဲမြို့ပေါ်က စစ်ပြေးဒုက္ခသည်တွေကို ဆေးကုသ ပေးနေပါတယ်။
2016-02-22
မကွေးတိုင်းအတွင်း စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲမေး ခွန်းတွေ ပေါက် ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်း ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေအရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2016-02-22
မွန်ပြည်နယ် ချောင်းဆုံမြို့မှာ တည်ဆောက်ပြီးစီးသွားတဲ့ ချောင်းဆုံ လျှပ်စစ်ဓာတ်အားခွဲရုံကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
2016-02-22
"ရာသီဥတုနိုင်ငံရေး" ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို မန္တလေးမြို့ သကျသီဟ ဘုရားဝင်းမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။