သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-20
မကွေးတိုင်း မင်းလှမြို့နယ်အတွင်းက လက်ယက်ရေနံတွင်းတွေဟာ အခုအခါ ရေနံအထွက်နှုန်း သိသိသာသာ ကျဆင်းလာတဲ့အတွက် ဆက်လက်လုပ်ကိုင်တဲ့သူ အနည်းငယ်သာရှိတော့တယ်လို့ သိရပါတယ်။
2015-03-20
၂ဝ၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေပါ မဲပေးနိုင်အောင် မဲရုံတွေမှာ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့အတွက် မသန်စွမ်းအဖွဲ့တွေနဲ့ နိုင်ငံရေ ပါတီတွေ ရန်ကုန် မရမ်းကုန်းမြို့နယ်က မသန်စွမ်းသင်တန်းကျောင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-03-19
အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ- UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့- NCCT တို့ရဲ့ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့ ပါတယ်။ ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-03-19
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လွှတ်တော်မှာ ကြားနာတဲ့ပွဲတွေ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။ ပညာရေးဥပဒေပြင်ဆင်ဖို့ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် အတော်များများ ကိုလည်း အစိုးရက ဖမ်းဆီးထားပါတယ်။
2015-03-19
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနှစ်နွေရာသီ သောက်သုံးရေရှားပါးလိမ့်မယ်လို့ မြို့နယ် စည်ပင် သာယာရေးအဖွဲ့က အသိပေး ကြေငြာထားပါတယ်။ လက်ရှိမှာလည်း စစ်တွေမြို့ပေါ်မှာ သောက်သုံးရေ ခက်ခဲနေတဲ့အကြောင်း မစန်းမော်အောင်က တင်ပြထားပါတယ်။
2015-03-19
စစ်ကိုင်း-မုံရွာ ကားလမ်းနဘေးမှာရှိတဲ့ မန်ကျည်းစဉ်ရွာဟာ ကြိမ်ထည် ပစ္စည်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ကျေးရွာ ဖြစ်ပါတယ်။ ကြိမ်ထည်ယက်လုပ်ဖို့ ကုန်ကြမ်းဈေးနှုန်း မြင့်တက်လာနေတာကြောင့် ကြိမ်ထည်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်တွေ့နေကြပါတယ်။
2015-03-19
ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်မှာ တင်သွင်းထားတဲ့ “အများပြည်သူဝန်ဆောင်မှု မီဒီယာ” ဥပဒေကြမ်း ကို ပြန်ရုပ်သိမ်း လိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ဒီကနေ့ ပြန်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
2015-03-18
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ NCCT ညှိနှိုင်းရေး အဖွဲ့အကြား ၇ ကြိမ်မြောက် တွေ့ ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မတ်လ ၁၇ရက် ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။
2015-03-18
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ ၁ဝ ကြိမ်မြောက်ကြားနာပွဲကို ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2015-03-18
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို လာမယ့် မတ်လ ၂ဝ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတော့မှာ ဖြစ်ပါတယ်။
2015-03-18
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။
2015-03-18
ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံသုံးပြီး ကြော်ငြာခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းက V Gastro Bar ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ ၂ ဦးကို… ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2015-03-18
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဘာသာ သာသနာ ညှိးနွမ်းစေမှု၊ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ စွဲချက်တင်သင့်ကြောင်း ချောင်းဦးမြို့နယ် တရားသူကြီးက အမိန့်ချလိုက်ပါတယ်။
2015-03-17
အမျိုးသားလွှတ်တော်မှာ မတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၉ ရက်မြောက် ကြားနာပွဲကို သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်
2015-03-17
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေဟာ ၂ဝ၁၅ မတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။