သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-26
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မကွေးမြို့မှာ တကိုယ်တော်ဆန္ဒပြပွဲ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
2015-11-26
တန်ဆောင်မုန်းလပြည့်နေ့မှာ မသိုးသင်္ကန်းကပ်ပွဲ... လို့ခေါ်တဲ့ ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းကပ်လှူဖို့ သင်္ကန်းယက်ပွဲမှာ ယက်ကန်းစင် ၉ စင်က ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အပြိုင်အဆိုင် ယက်လုပ်ကြမှာ ဖြစ်ပါတယ်။
2015-11-26
ပြီးခဲ့တဲ့ ရက်သတ္တပတ် လောက်စပြီး ရန်ကုန်မြို့မှာ ကြက်သွန်နီဈေးတွေ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။ ကြက်သွန်နီဈေးတွေ တက်လာ တာကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းပြီး ရောင်းချနေကြရတယ်လို့ သိရပါတယ်။
2015-11-26
ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေက ဈေးသည်အများစုဟာ ရခိုင်ချိန်ခွင်လို့ခေါ်တဲ့ "သိုက်" ကို အလေးချိန်တိုင်းတာတဲ့ ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။
2015-11-24
ကရင်နီပြည်နယ် ညီလာခံ ပမာဏအဆင့်ကို ကယားပြည်နယ် ဖရူဆိုမြို့နယ်ခန်းမမှာ ကျင်းပနေပါတယ်။ လက်ရှိခေါ်နေကြတဲ့ ကယားပြည်နယ်ကို ကရင်နီပြည်အဖြစ် ပြန်လည် သတ်မှတ်ပေးဖို့အတွက် ညီလာခံမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
2015-11-24
ရှမ်းပြည်နယ်အလယ်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA အကြား တိုက်ပွဲတွေရပ်ဆိုင်းပေးဖို့နဲ့၊ တစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် မန္တလေး မဟာအောင်မြေမြို့နယ်က လူထုဟစ်တိုင်ကွင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-11-24
ရခိုင်ပြည်နယ် ငပလီမြို့တဝိုက်က ကျေးရွာတွေဟာ ပင်လယ်ပြင်ထဲမှာ ရေလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ ကျေးရွာအများစုဟာ ငါးနီတူ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။
2015-11-24
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်က ဝမ့်ဝ ဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ခိုလှုံနေကြပါတယ်။
2015-11-24
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော်မတီ UPDJC မှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို အပြီးသတ်ထုတ်ပြန်နိုင်ဖို့အတွက် ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
2015-11-23
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့မှာ ပါဝင် မယ့် နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေကို ရန်ကုန် တိုင်းအစိုးရ အဖွဲ့ရုံးမှာ မဲခွဲ ရွေးချယ်ခဲ့ကြပါတယ်။
2015-11-23
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက လောကနတ် ပန်းချီပြခန်းမှာ ပန်းချီဆရာ ဦးကြည်ဝင်း ရေးဆွဲထားတဲ့ အာရှတိုက် သား နိုဗယ်ဆုရှင် ၁၅ ဦးရဲ့ ပန်းချီကားတွေ ကို ပြသထားပါတယ်။
2015-11-23
စစ်ကိုင်းတိုင်း စစ်ကိုင်းစက်မှုဇုန်က "တာမိုးညဲချမ်းသာ" ကွန်ကရစ်တိုင် ထုတ်လုပ်ရေး စက်ရုံ အလုပ်သမားတွေဟာ အလုပ်ပိတ်ရက် ပုံမှန်ပေးဖို့ အတွက် စက်ရုံရှေ့မှာ နိုဝင်ဘာလ ၂၃ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-11-23
ရှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် မိုင်းနောင် တမြို့လုံး နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လဲချားမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ဒုက္ခသည် ၆ ရာလောက် ခိုလှုံနေကြပါတယ်။
2015-11-23
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ ရန်ကုန်မြို့ အင်လျားကန်ဘောင်မှာ လူငယ်တွေစုပေါင်းပြီး ငြိမ်းချမ်းရေးကဗျာတွေနဲ့၊ ငြိမ်းချမ်းရေး တေးသီချင်းတွေ တီးခတ်သီဆို၊ ရွတ်ဖတ်ခဲ့ကြပါတယ်။
2015-11-23
ရှမ်းပြည်နယ်အလယ်ပိုင်းမှာ အစိုးရနဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကယားပြည်နယ် ဒီမောဆိုမြို့မှာ လူငယ်တွေ စုပေါင်းပြီး အလှူငွေ ကောက်ခံနေကြ ပါတယ်။