သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-27
မကွေးတိုင်း မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအနီးက အင်ကြင်းတောင်မှာ သြဂုတ်လ ၂၅ ရက်နေ့က ကျောက်မီးသွေးတွင်း ပြိုကျလို့ ပိတ်မိနေတဲ့ အလုပ်သမား လေးဦးကို ရှာဖွေကယ်ဆယ်နေရာမှာ ဒီမနက်အထိ နှစ်ဦးရဲ့ ရုပ်အလောင်းကိုသာ သယ်ထုတ်နိုင်ခဲ့ပါတယ်။
2019-08-26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ ပိတ်မိနေခဲ့တဲ့ ဒဏ်ရာရ လူနာလေးဦးကို သြဂုတ်လ ၂၅ ရက်နေ့မနေ့က ပရဟိတအဖွဲ့တွေ သွားရောက် ခေါ်ဆောင်ခဲ့ပြီး ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
2019-08-26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။
2019-08-26
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့နဲ့ တပ်မတော်အကြားက တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် ပြေးဆွဲနေတဲ့ ကုန်တင်ကား အများအပြား ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေပါတယ်။
2019-08-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပါတယ်။
2019-08-26
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးနေပြီဖြစ်လို့ အငြင်းပွား အချိန်ဖြုန်းမနေဘဲ ညှိနှိုင်းလို့မရရင် လွှတ်တော်ကို ဥပဒေကြမ်းတစ်ရပ် အမြန်ဆုံးရောက်ဖို့ ဆောင်ရွက်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2019-08-26
တပ်မတော်က တရားစွဲဆိုထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ မနေဇာထွန်းတို့ ထောင်ထဲမှာ ကျန်းမာရေးမကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။
2019-08-26
ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့အတွက် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ အစိုးရခေါင်းဆောင်တွေနဲ့ မကြာမီ တွေ့ဆုံသွားမယ်လို့ ပြောဆိုလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအဆင်ပြေဖို့အတွက် အလုပ်အဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
2019-08-25
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ညက ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
2019-08-25
ရှမ်းမြောက်တိုက်ပွဲတွေကြား ဒဏ်ရာရနေသူကို သွားရောက်ကူညီစဉ် ပစ်ခတ်ခံခဲ့ရတဲ့ လားရှိုး လူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြင့်ရဲ့ နာရေး ရက်လည် အစီအစဉ်တွေကို ဒီကနေ့ ကျင်းပပါတယ်။
2019-08-25
ကချင်ပြည်နယ်က တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ပန်ဝါတို့ ကနေ တရုတ်နိုင်ငံသား အဝင်/အထွက် တစ်ရက်ကို ငါးရာခန့်ရှိတယ်လို့ သိရပါတယ်။
2019-08-24
အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ International Campaign for Arakan (ICA) အဖွဲ့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ၂ဝ၁၉ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2019-08-23
သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို TNLA က တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ဟာ အကြမ်းဖက်ရုံမက လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တပ်မတော်က ဒီကနေ့ ပြစ်တင်စွပ်စွဲလိုက်ပါတယ်။
2019-08-23
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ကွတ်ခိုင်မြို့နယ်အတွင်းက နီးစပ်ရာဘုန်းတော်ကြီး ကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။
2019-08-23
မြန်မာနိုင်ငံအောက်ပိုင်းမှာ မြစ်ရေကြီးမှုတွေ လောလောဆယ် ကျဆင်းနေတယ်ဆိုပေမယ့် လာမယ့် ရက်တွေအတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။