သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတဲ့ ရလာဒ်တွေ နဲ့ပတ်သက်ပြီး RCSS အဖွဲ့က ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-09-16
မြန်မာနိုင်ငံမှာ ၆ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်က လွှတ်တော် သဘင်ဆောင်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-16
သတင်းထောက်သုံးဦး အပါအဝင် ၆ ဦးကို မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုကို တပ်မတော်က ရုပ်သိမ်းထားတဲ့အပေါ် သီပေါမြို့နယ်တရားရုံးက ဒီကနေ့ အတည်ပြုလိုက်ပြီး သတင်းထောက် ၃ ယောက်နဲ့ အရပ်သားတယောက်ကို အပြီး လွှတ်ပေးလိုက်ပါတယ်။
2017-09-16
မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့မှာ အမွှေးတိုင် ကုန်ကြမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူ အများ အပြား ရှိနေပါတယ်။
2017-09-16
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-09-15
မကွေးတိုင်းက ပခုက္ကူတက္ကသိုလ် တည်ဆောက်ဖို့ သိမ်းယူထားပြီး ပိုလျှံနေတဲ့မြေတွေ ပြန်ပေးဖို့ မူလ တောင်သူတွေ လိုလားနေကြတယ်လို့ သိရပါတယ်။
2017-09-15
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့က "သီတဂူ" စက္ခုဒါန ဆေးရုံကြီးမှာ ရပ်ဝေးရပ်နီးက မျက်စိဝေဒနာရှင်တွေ လာရောက်ကုသတာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသလို၊ ဆေးဝါးနဲ့ စက်ပစ္စည်း အလှူရှင်တွေလည်း ပိုပြီးလိုအပ်လာနေပါတယ်။
2017-09-15
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ၄၂ဝဝ ကျော်ကို နေရပ်ကို ပြန်ပြီး ပို့ဆောင်ပေးခဲ့တယ်လို့ အစိုးရက မနေ့က ထုတ်ပြန်ပါတယ်။
2017-09-15
ရှမ်းပြည်မြောက်ပိုင်းအတွင်းမှာ တပိုင်တနိုင် ပျားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေ အရင်နှစ်တွေကထက် ပိုများလာနေပါတယ်။ ပျားမွေးမြူရေး လုပ်ကိုင်သူများလာတာနဲ့အမျှ ပျားစားကျက်မြေ ရှားပါးတဲ့ အခက်အခဲနဲ့လည်း ရင်ဆိုင်နေရပါတယ်။
2017-09-15
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဘာကြောင့် မတက်ရောက်နိုင်သလဲဆိုတာကို အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့ညနေက သမ္မတအိမ်တော်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
2017-09-14
လက်ရှိလည်ပတ်နေတဲ့ အစိုးရယန္တရားမှာ အမိန့်ပေးခိုင်းစေတဲ့ ဗျူရိုကရေစီ စနစ်ဟောင်းက လက်ကျန်အရာရှိတွေ ရှိနေသေးတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်ပါတယ်။
2017-09-13
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေ သတွေကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေရဲ့ ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေ နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
2017-09-13
လက်ရှိကျင့်သုံးနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့၊ တိုင်းပြည်နယ်လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲဥပဒေ ၃ ခုကို ပေါင်းပြီး ဥပဒေတစ်ခုတည်းအဖြစ် ရေးဆွဲနေတယ်လို့ သိရပါတယ်။
2017-09-13
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာရှိတဲ့ ကမ်းနီးငါးဖမ်းလှေတွေကို ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလိုင်စင်၊ လှေလိုင်စင်တွေ ထုတ်မပေးတဲ့အတွက် တံငါသည်တွေ အခက်အခဲတွေ့နေပါတယ်။
2017-09-13
စစ်တွေမြို့နဲ့ ရန်ကုန်မြို့မှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး ညဘက်တွေမှာလည်း မြို့အတွင်း လှည့်လည် စစ်ဆေးနေတယ်လို့ သိရပါတယ်။