သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-21
ရှမ်း၊ ကချင်၊ ကရင်၊ ကယားနဲ့ မွန်ပြည်နယ်တို့က ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ သူတို့ပိုင် မြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုလိုက်ပါတယ်။
2019-08-20
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေးအတွက် အဓိက စိန်ခေါ်မှု အခက်အခဲတွေထဲမှာ လူ့အခွင့်အရေးပြဿနာတွေပါဝင်ပြီး ကုမ္ပဏီတွေအနေနဲ့ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်နစ်နာရမယ့် အန္တရာယ်တွေလည်း ပါဝင်နေပါတယ်။
2019-08-20
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို စက်တင်ဘာလမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
2019-08-20
ကချင်ပြည်နယ်၊ တနိုင်းဒေသက ပယင်းမှော်တွေမှာ တရားဝင်တူးဖော်ခွင့်ပေးဖို့ စီစဉ်နေတာဟာ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်လာမှာ စိုးရိမ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။
2019-08-20
သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဂုတ်တွင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ခဲ့ပြီး ဒီနေ့မှာ မော်တော်ယာဉ်တွေ ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်ပါတယ်။
2019-08-20
7 July အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့တာကို ခွင့်ပြုချက် မတောင်းဘဲပြုလုပ်ခဲ့တာကြောင့် တကသ ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ရန်ကုန်၊ လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ချမှတ်လိုက်ပါတယ်။
2019-08-20
၂ဝ၁၉ ခုနှစ် ဧပြီလနဲ့မေလအတွင်း အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော်ကို သုံးကြိမ်ခွဲပြီး လွှတ်ပေးခဲ့တဲ့ကိစ္စဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့လား၊ လွတ်ငြိမ်းချမ်းသာခွင့်လား ဆိုတာကို သိလိုကြောင်း ဒုတိယသမ္မတဟောင်း တစ်ဦးဖြစ်သူ USDP ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2019-08-19
လားရှိုးမြို့နယ် ကုန်းဆာရွာမှာ သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ရွာသားတစ်ဦးသေဆုံးပြီး ဒေသခံတစ်ထောင်လောက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေး ခိုလှုံနေကြရပါတယ်။
2019-08-19
အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့က ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာဒီကနေ့ တွေ့ဆုံပြီး တရားဝင် ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။
2019-08-18
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးခု တိုက်ခိုက်ခဲ့တာဟာ ငြိမ်းချမ်းရေးကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2019-08-18
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်မှာ မနေ့ကမနက် ပစ်ခတ်မှုတွေရှိခဲ့ပြီး နေအိမ်နှစ်လုံး လက်နက်ထိမှန်ခဲ့သလို လူမှုကူညီရေးအသင်း လုပ်ငန်းဆောင်ရွက်သူ ဥက္ကဋ္ဌ တစ်ဦးသေဆုံးခဲ့ပါတယ်။
2019-08-18
ကေအိုင်အို ထိမ်းချုပ်ရာ ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ မရှိသလို မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတာတွေလည်း သတိထားတိုက်ဖျက်လာတာကြောင့် အခုအခါ ပိုမိုထိန်းချုပ်လာနိုင်ပြီလို့ ကေအိုင်အို ဘိန်းတိုက် ဖျက်ရေး တာဝန်ယူသူတွေက ပြောပါတယ်။
2019-08-16
အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ကပ်လျက်မှာရှိတဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုဒေသမှာ တရုတ်ကုမ္ပဏီက နိုင်ငံတကာအဆင့်မီ မြို့သစ်ကြီးတခု တည်ဆောက်နေတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့လွှမ်းမိုးမှုတွေ ရှိလာမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
2019-08-16
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ စစ်ရေးတင်းမာမှုတွေလည်း တနေ့တခြား မြင့်မားလာတာကြောင့် ရခိုင်ပြည်သူတွေ အဘက်ဘက်က ထိခိုက်နစ်နာနေသလို၊ ရှေ့ဆက်ပြီး ပိုမိုဆိုးဝါးတဲ့ဒုက္ခတွေ ကြုံလာမယ့်အရေးအတွက်လည်း စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
2019-08-16
မြန်မာနိုင်ငံအနှံ့အပြားမှာ နှစ်စဉ်ဆိုသလို ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခတွေအတွက် အာဏာပိုင်တွေဘက်က ဘယ်လို ပြင်ဆင်မှုတွေ၊ အကူအညီတွေ လုပ်ဆောင်နေပါသလဲ…။