သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-06
ဆက်သွယ်ရေးပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံး ဝင်းထဲမှာ ဖမ်းဆီးလိုက်ပါတယ်။
2015-11-04
ရန်ကုန်တိုင်း သာကေတမြို့နယ် မဲဆန္ဒနယ် မှာ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ဆိုက်ကား အစီးရေ ၃ ရာကျော်နဲ့ မဲဆွယ် စည်းရုံးခဲ့ ကြပါတယ်။
2015-11-04
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-11-04
သမ္မတဦးသိန်းစိန်ဟာ မကွေးတိုင်း မင်းဘူးမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ရာမှာ... ကြိုဆိုရေးယာဉ်တန်းမှာ "သမ္မတဦးသိန်းစိန် ပါတီ၊ခြင်္သေ့တံဆိပ်ကို ထောက်ခံမဲပေးကြစို့" ဆိုတဲ့ စာတန်းပါ စတစ်ကာတွေ သုံးထားတာကို တွေ့ရပါတယ်။
2015-11-04
တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တပ်မတော်သားတွေ ကြိုတင်မဲပေး နေကြသလို၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာလည်း အချုပ်ကျနေသူတွေနဲ့ ထောင်ဝန်ထမ်းတွေ နိုဝင်ဘာလ ၄ ရက်နေ့က ကြိုတင်မဲ ပေးခဲ့ကြပါတယ်။
2015-11-04
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှု စတဲ့ပုဒ်မ ၇ ခုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဖြူးမြို့နယ် မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ဒဂုံမြို့နယ် တရားရုံး မှာ နိုဝင်ဘာလ ၄ ရက်နေ့ ရုံးထုတ်ခဲ့ပါတယ်။
2015-11-04
ဧရာဝတီတိုင်း ဟသာၤတမြို့နယ်အတွင်းက ရပ်/ကျေး ကော်မရှင်ရုံးတွေမှာ မဲပေးခွင့်ရှိသူစာရင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ထားတာနဲ့ ကြိုတင်မဲပေးနေတဲ့ အခြေအနေတွေကို ခရိုင်ကော်မရှင်အဖွဲ့က လိုက်လံ စစ်ဆေးခဲ့ပါတယ်။
2015-11-04
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်- SNLD ပါတီဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် ဆိုင်ကယ်တွေနဲ့ လှည့်လည် စည်းရုံးခဲ့ပါတယ်။
2015-11-04
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ဧရာဝတီတိုင်း ဟသာၤတ မြို့မှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-11-04
လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး မုဒုံမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ဒီနေ့ မုဒုံမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြိုင် မဲဆွယ်ခဲ့ကြပါတယ်။
2015-11-04
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မကွေးမြို့မှာ အနုပညာရှင်တွေ ဖျော်ဖြေ စည်းရုံးခဲ့ကြပါတယ်။
2015-11-04
ရှမ်းပြည်တောင်ပိုင်း- မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေက ကျေးရွာတွေမှာ အစိုးရတပ်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေ တာကြောင့် ဒေသခံ လေးထောင်လောက် ထွက်ပြေး တိမ်းရှောင်နေရပြီး၊ မြို့ပေါ်ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
2015-11-04
မကွေးတိုင်း ဂန့်ဂေါမြို့နဲ့ ကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နောက်ဆုံးမဲဆွယ်ပွဲ အဖြစ် ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ အလှပြယာဉ်တွေ၊ အနုပညာရှင်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။
2015-11-04
လက်ရှိအစိုးရနဲ့ လာမယ့်ရွေးကောက်ပွဲပေါ်မှာ အများပြည်သူတွေရဲ့ အမြင်တွေ နဲ့ပတ်သက်ပြီး "စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း" က ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စစ်တမ်း ကောက်ယူထားပါတယ်။
2015-11-04
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဝန်ထမ်းတွေ ကြိုတင်မဲပေး နေကြသလို မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေ လည်း နိုဝင်ဘာလ ၈ ရက်၊ ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ဖို့ သက်သေခံလက်မှတ်တွေ ထုတ်ယူနေကြပါတယ်။