သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နာယက သူရဦးတင်ဦးဟာ မနေ့က နိုဝင် ဘာလ ၁ ရက်နေ့ က ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏမြို့ဦး စေတီကွင်းမှာ ရွေးကောက် ပွဲအောင်နိုင်ရေး အတွက် ဟောပြောခဲ့ပါတယ်။
2015-11-03
မကွေးတိုင်း မင်းလှမြို့နဲ့ မင်းဘူးမြို့တွေမှာ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒါရိုက်တာကြည်ဖြူရှင် ဦးဆောင်တဲ့တေးသံရှင်တွေ နိုဝင်ဘာလ ၁ ရက်နေ့က စည်းရုံး လှုံ့ဆော်ခဲ့ကြပါတယ်။
2015-11-03
မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာတွေနဲ့ ပတ်သက်ပြီး "ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်" က ရန်ကုန်မြို့မှာ ဒီကနေ့ ဟောပြောရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2015-11-03
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ တနင်္သာရီမြို့နယ် လယ်ယာတောင်ကျေးရွာမှာ မဲဆွယ်စည်းရုံး ခဲ့ကြပါတယ်။
2015-11-03
နေပြည်တော်ကောင်စီနယ်မြေ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁ဝ ဦးဟာ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်း မှာ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-11-03
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ အောက်တိုဘာလ ၃၁ ရက်နေ့က ပဲခူးတိုင်း ကညွတ်ကွင်းမြို့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-11-03
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ရေဘေးဒုက္ခသည်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို အလိုတော်ပြည့်ဆရာတော် ဦးစီးပြီး ရန်ကုန်မြို့ Myanmar Event Park မှာ အောက်တိုဘာလ ၃ဝ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။
2015-10-31
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေဟာ အောက်တို ဘာ ၂၉ ရက်ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။
2015-10-31
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသားစကားများ” အစီအစဉ်ဖြစ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးဌေးဦး၊ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း၊ NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ စတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာပြောကြားချက်တချို့ကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-10-31
အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း- လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ် ဓါးနဲ့ ခုတ်ခံရပြီး ရန်ကုန်ဆေးရုံးကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
2015-10-31
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရဖို့အတွက် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ တောင်ကုတ်မြို့မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။
2015-10-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦး ရှိပါတယ်။
2015-10-31
တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေအကြောင်းကို လေ့လာပြုစုထားတဲ့ ''တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်" လို့အမည်ပေးထားတဲ့ အကြံပြုစာတမ်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
2015-10-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ညက သာသနာ ၂၅ဝဝ စေတီတော်မှာ ဆီမီးတစ်ထောင်- ပန်းတစ်ထောင် ပူဇော်ပွဲနဲ့ ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှာပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။
2015-10-30
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကိုယ်စား လှယ်လောင်း လေးဦးဟာ သံဖြူဇရပ်မြို့နယ်ကနေ ကျိုက္ခမီမြို့နယ်အထိ ကားတွေနဲ့စီတန်းလှည့်လည် ပြီး ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။