သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-08
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးမှာ တပ်မတော်ပါဝင်နေမှုကို အကြွင်းမဲ့ဖယ်ရှားဖို့လိုကြောင်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့ ကျင်းပရေးကော်မတီက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-08-08
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်နေပြီး အစိုးရရဲ့ အကူအညီ လုံလောက်မှု မရှိဘူးလို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2019-08-08
၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပေါ်ပေါက်ခဲ့တဲ့ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကို တရုတ်မြန်မာနယ်စပ် ကေအိုင်အိုထိန်းချုပ်ရာဒေသ ABSDF မြောက်ပိုင်း ဗဟိုဌာနချုပ် ဂျန်ထုန် လခွမ်းဘွန်မှာ ကျင်းပတာဖြစ်ပါတယ်။
2019-08-08
RFA က စီစဉ်ထုတ်လုပ်ပြီး DVB ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ “ယနေ့နိုင်ငံရေး” အစီအစဉ်မှာ… NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုရှိရာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုက်ပွဲတွေ၊ စစ်ဘေးဒုက္ခသည်တွေ အရေး၊ ငြိမ်းချမ်းရေး ဘာ့ကြောင့် အလှမ်းဝေးနေသလဲဆိုတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2019-08-07
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ အစီရင်ခံစာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတယ်လို့ အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေ အပါအဝင် ကိုယ်စားလှယ်အချို့က ပြောကြားလိုက်ပါတယ်။
2019-08-07
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ နေပြည်တော်၊ ရခိုင်၊ ကရင်နဲ့ မွန် ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2019-08-06
ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြစ်ရေတက်ပြီး ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရပါတယ်။
2019-08-06
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဥပဒေပါ ပြဌာန်းချက်တချို့နဲ့ ငြိစွန်းတာကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေဟာ အခုရက်ပိုင်းအတွင်း အများအပြားဖမ်းဆီးခံနေရပါတယ်။
2019-08-06
မန္တလေးမြို့ ကုတင် ၅ဝဝ အရိုးရောဂါအထူးကုဆေးရုံက ဆေးရုံအုပ်အပါအဝင် သုံးဦးကို တင်ဒါလုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားထားတယ်လို့ လုပ်ငန်းရှင်အချို့က RFA ကို ဒီကနေ့ ပြောပါတယ်။
2019-08-06
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ ခုမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး အစိုးရက ဆောင်ရွက်ထားတာတွေကို သိလိုကြောင်း ANP ပါတီက နုတ်ထွက်ထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးခင်မောင်လတ် က အမျိုးသားလွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။
2019-08-05
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ IACA ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2019-08-05
၅၇ နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ လမ်းလျှောက်ချီတက်အပြီး ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ အမှုဖွင့်ခံထားရတဲ့သူ ရှစ်ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကိုင်းမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။
2019-08-04
အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်ထဲက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းညှိနှိုင်းမှုက အရေးကြီးတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်က သူရဲ့အိမ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-08-03
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညနေပိုင်းကစတင်ပြီး သောင်းရင်းမြစ်ရေတက်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်မှာရှိတဲ့ နေအိမ်တွေက လူလေးရာကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
2019-08-03
သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို မနေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကျင်းပတဲ့ ခန်းမဆောင်မှာကျင်းပခဲ့ပြီး AA ကို ထောက်ပံ့တယ် ဆိုပြီး ဖမ်းဆီးခံထားရသူတွေကိစ္စ၊ ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လက်ခံမယ့် အစီအစဉ်တွေကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။