သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-02
မြစ်ချောင်းတွေကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင်ကြရတဲ့ တောင်သူတွေအတွက် မြစ်ရေကျပြီးရင် ဖြစ်ပေါ်လာတတ်တဲ့ မြေနုကျွန်းတွေဟာ မြေဆီမြေနှစ် အင်မတန်ကောင်းမွန်ပြီး တန်ဖိုးရှိတာကြောင့် နှစ်စဉ်နှစ်တိုင်းဆိုသလို မြေနုကျွန်းခွဲဝေမှု ပြဿနာတွေ၊ လုယက်မှုတွေ ဖြစ်တတ်ပါတယ်။
2019-08-02
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တိုက်ပွဲတွေ ပိုပြီး ကျယ်ပြန့်လာနေသလို၊ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း ငါးသောင်းကျော်အထိ ရှိလာနေပါပြီ။
2019-08-02
AA ရခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်အသင်းဝင်တွေကို အာဏာပိုင်တွေက မိသားစုတွေနဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ဘယ်နေရာမှာ ဖမ်းဆီးထားသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။
2019-08-02
တပ်မတော်ရဲ့အားပေးထောက်ခံမှု ရထားတဲ့ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း” အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သတ်မှတ်လိုက်ပြီး အဖွဲ့ခေါင်းဆောင် ဆရာတော်နှစ်ပါးကိုလည်း ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့်ကဏ္ဍ ပြီးဆုံးသွားပြီလို့ ကြေညာလိုက်ပါတယ်။
2019-08-02
တိုင်းရင်းသားတပ်ပေါင်းစု အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဟာ အဖွဲ့ဝင်အချင်းချင်းကြား မတူကွဲပြားမှုတွေကြောင့် UNFC အဖွဲ့ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ပြောလိုက်ပါတယ်။
2019-08-02
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-08-02
တချိန်က တပ်မတော်မှာ စစ်ဥပဒေချုပ်အထိ တာဝန်ထမ်းခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင်ဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီတစ်ခု ထူထောင်လိုက်ပါတယ်။
2019-08-01
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာဟာ ဥပဒေနဲ့မညီဘဲ ရေးထားတာဖြစ်လို့ ပယ်ဖျက်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2019-08-01
Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဆရာမနှင်းနုကို နောက်တိုး သံသယတရားခံအဖြစ် စစ်ဆေးဖို့ တရားလိုမိခင် လျှောက်ထားချက်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ခရိုင်ဥပဒေရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2019-08-01
မြန်မာပြည်က စက်ရုံအလုပ်ရုံတွေမှာ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် လုပ်အားခအပြည့် မပေးတာတွေ၊ သတ်မှတ်ထားတဲ့ အလုပ်ချိန် ၈ နာရီထက် ပိုမိုခိုင်းစေတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
2019-08-01
ဧရာဝတီမြစ်ထဲမှာ ပလတ်စတစ် တန် ၁၂၀ နီးပါးကို နေ့စဉ် စွန့်ပစ်နေတယ်လို့ ၂ဝ၁၉ ဇူလိုင် ၉ ရက်က ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ဂျာမနီသံရုံးက ထုတ်ပြန်တဲ့ လေ့လာချက်စစ်တမ်းမှာ ဖော်ပြထားပါတယ်။
2019-08-01
အမေရိကန်ပြည်ထောင်စု မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီမြို့တော် တဝိုက်မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေရဲ့ ကလေးငယ်တွေကို မေရီလန်း ပြည်နယ်က မင်္ဂလာရာမကျောင်းတိုက်မှာ နွေရာသီတိုင်း ဗုဒ္ဓဘာသာအခြေခံသင်တန်း ပို့ချနေတာ ၉ နှစ်ဆက်တိုက် ရှိနေပါပြီ။
2019-08-01
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ထိုင်းနိုင်ငံတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-08-01
RFA က စီစဉ်ထုတ်လုပ်ပြီး DVB ရုပ်သံလိုင်းကနေ အခုတစ်ပတ်မှာ စတင်ထုတ်လွှင့်တဲ့ “ယနေ့နိုင်ငံရေး” အစီအစဉ်မှာ… လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုအကြောင်း ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့၊ ပလောင်အမျိုးသားပါတီ PNP အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မိုင်းအုန်းခိုင်တို့က RFA ဝိုင်းတော်သူ မအေးအေးမွန်နဲ့အတူ ဆွေးနွေးထားပါတယ်။
2019-07-31
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က လျှောက်တင်ခဲ့တဲ့ နောက်တိုးသက်သေ နှစ်ယောက်ကို တရားရုံးက လက်ခံလိုက်ပါတယ်။