သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-22
ဧရာဝတီတိုင်း ဟသာၤတမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေ ကြီးခဲ့စဉ်က တာတွေမကျိုးပေါက်ဖို့အတွက် မြစ်ရေတွေကို မြို့ထဲက ပခန်းအုတ်ကျွတ် ရပ်ကွက်ထဲကို စက်နဲ့ မောင်းထည့်ခဲ့ပါတယ်။
2015-10-21
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ နိုင် ငံရေးပါတီတွေက တိုင်ကြားထားတဲ့ အမှုတွေ ကို ဖြေရှင်းပေးဖို့အတွက် မြို့နယ်ကော်မရှင်ရုံးမှာ ညိနှိုင်းဖြေရှင်းရေး ကော်မတီအစည်းအဝေး ပြုလုပ် ခဲ့ပါတယ်။
2015-10-21
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ အခြေအနေ၊ NLD ပါတီဘက်ကနေ ဘာကြောင့် မဲဆွယ်စည်းရုံးရသလဲ... ဆိုတာတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ဦခင်မောင်စိုး က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-21
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီကနေ့ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-21
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့တွေ့ဆုံ ပြီး ပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲကိစ္စ၊ တပ်မတော် သားတွေရဲ့ ကြိုတင်မဲကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2015-10-21
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ EU ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဟာ ရွေးကောက်ပွဲနေ့ မှာ ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
2015-10-21
ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာရှိတဲ့ တောင်ပေါ်ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မြေပြို ကျပြီးနောက်ပိုင်း ဒုက္ခသည်စခန်းကိုမသွားဘဲ ဆက်ပြီးနေထိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ကြုံနေရပါတယ်။
2015-10-21
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို RFA က ထုတ်လွှင့်ပေးနေပါတယ်။
2015-10-20
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ရေ ကြည်မြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အောက်တိုဘာလ ၁၈ ရက်နေ့က မဲဆွယ် ဟောပြောပြီး၊ ပရိသတ်တွေရဲ့ မေးခွန်း တချို့ကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
2015-10-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ ၊ ကျိန္တလီနဲ့ ဂွမြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
2015-10-20
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ အပြိုင်အဆိုင် မဲဆွယ်ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
2015-10-20
ရန်ကုန်တိုင်းဒေသကြီး တခုတည်းမဟုတ်ဘဲ မြန်မာတနိုင်ငံလုံးမှာ အစိမ်းရောင်တွေ လွှမ်းမိုးရမယ်လို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌတဦးလည်းဖြစ်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်းဖြစ်တဲ့ ဦးနန္ဒကျော်စွာက အောက်တိုဘာ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ- ရန်ကုန်အနောက်ပိုင်း ခရိုင် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
2015-10-20
လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပါဝင်စည်းရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။
2015-10-19
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်း ဒဂုံမြို့နယ် မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-10-19
မန္တလေးတိုင်း မြစ်သားမြို့နယ်၊ တေးစိုးကျေးရွာမှာ ဘိုးဘွားပိုင် လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ဒေသခံတောင်သူ တရာကျော်က ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ပါတယ်။