သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-26
မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားရာကနေ လူပေါင်း (၃၈) ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးဝေဖြိုးဇင်က ပြောပါတယ်။
2019-07-26
ရခိုင်ပြည်နယ်က မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-07-26
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ မဖြစ်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းချက် အပါအဝင် လူ့အခွင့်အရေးကော်မရှင်ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။
2019-07-25
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း တို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-07-25
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံခုံရုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ တင်သွင်းထားတဲ့ ကိစ္စ နှစ်ရပ်ကို ခုံရုံးက ပယ်ချလိုက်ပါတယ်။
2019-07-24
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ စစ်မှုထမ်းဟောင်းတွေ အပြင်မှာဘယ်လို အခက်အခဲတွေနဲ့ ရုန်းကန်နေရပါသလဲ ....။
2019-07-24
မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စု ဒေသခံတွေရဲ့ စက်လှေ နစ်မြုပ်ပြီး ၁၀ ဦး သေဆုံးကာ လူ ၃ဝ ကျော် ပျောက်ဆုံးနေပါတယ်။
2019-07-24
YBS ယာဉ်လိုင်းတွေမှာ ငွေသားထည့်စီးတဲ့ စနစ်အပြင် ကြိုတင်ငွေဖြည့်ကတ်နဲ့ စီးနင်းနိုင်တဲ့ စနစ်ဖြစ်အောင် အစိုးရအဖွဲ့အနေနဲ့ ကြိုးစားနေပါတယ်။
2019-07-24
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ၇၈ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၂၅ ဦး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2019-07-24
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်က စစ်ဘေးဒုက္ခသည်စခန်းမှာ နာမကျန်းသူတွေများနေပြီး ဆေးဝါး အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2019-07-24
မန္တလေးတက္ကသိုလ် ဘောလုံးကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတခုထံ ဌားရမ်းလုပ်ကိုင်ခွင့်ပြုမယ့်ကိစ္စကို မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-07-24
Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကို ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-07-24
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးစင်တာတို့ ပူးပေါင်းပြီး ပြိုကွဲလွယ်သောချိနဲ့ အခြေအနေမှ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသို့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2019-07-23
မြန်မာ့တပ်မတော် ခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာဟာ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို အနိုင်ကျင့် စွက်ဖက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောလိုက်ပါတယ်။
2019-07-23
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေဟာ ရိက္ခာသယ်ယူရာမှာ အကန့်အသတ်တွေရှိတာကြောင့် စားသောက်ရေးအတွက် အခက်အခဲတွေဖြစ်နေကြပါတယ်။