သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-17
ဗဟန်းမြို့နယ်မဲဆန္ဒနယ်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီး ခံရတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။
2015-10-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်ရှိခဲ့ဲပြီး၊ သံတွဲမြို့က တဆင့် တောင်ကုတ်မြို့မှာ ရွေးကောက် ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-17
မွန်ပြည်နယ် သထုံမြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် အငြိမ်းစား ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဌေးမြင့်အောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သထုံမြို့နယ် လိပ်အင်းရပ်ကွက်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-17
နိုင်ငံရေးသမားဆိုတာဟာ ပြည်သူက ခိုင်းစရာမလိုဘဲ ကိုယ့်အသိဉာဏ်နဲ့ကိုယ် နိုင်ငံရေးကို လုပ်ဖို့လိုတယ်လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ က အောက်တိုဘာလ ၁၅ ရက်၊ မနေ့က ရန်ကုန်မြို့ မဟာဗန္ဓလပန်းခြံအနီးမှာပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
2015-10-17
ကျားခေါင်းပါတီ လို့ လူသိများတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင် မဲဆွယ်ပွဲတွေကို ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်က ကျေးရွာသုံးခုမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-10-17
နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ မဲပေးကြတဲ့အခါ ပယ်မဲမဖြစ်အောင် ဘယ်လိုမဲပေးရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန္တလေးမြို့မှာ လက်တွေ့ ရှင်းလင်းပြသခဲ့ပါတယ်။
2015-10-17
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-10-17
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2015-10-16
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-10-16
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ လူငယ်တွေ လေ့လာခွင့်မရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ "ငြိမ်းချမ်းရေးဖြစ်စဉ် လူငယ်များပါဝင်မှုအခန်းကဏ္ဍ လုပ်ငန်းကော်မတီ" က မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-10-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ဟာ ရွေးကောက်ပွဲ အသိပညာပေးနဲ့ မဲဆွယ်စည်းရုံးရေး အတွက် တောင်ကြီးမြို့မှာ မနေ့က ဟောပြောခဲ့ပါတယ်။
2015-10-16
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကရင်လူမျိုးတွေအနေနဲ့ မဲပေးတဲ့အခါ အမှားအယွင်းမရှိရအောင် ကရင်ပြည်သူ့ ပါတီ ကိုယ်စားလှယ်လောင်းတွေက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။
2015-10-16
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ်-၁ မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ဟာ မုဒုံမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-15
ဧရာဝတီတိုင်း ဟသာၤတမြို့နယ်က လယ်သမားတွေ နဲ့ တက်ကြွလှုပ်ရှားသူ ၈ဝ လောက်ဟာ ဟင်္သာတမြို့ နယ်မှာ တရားဥပဒေစိုးမိုးရေး ရှိဖို့ဆိုပြီး ဟသာၤတ မြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2015-10-15
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံတွေ အများဆုံး မေးမြန်းကြတာဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြစ်တယ်လို့ စည်းရုံးရေးဆင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။